အသက်တိုခြင်း ရှည်ခြင်း ပစ္စုပ္ပန်အကြောင်းတရား

အသက်တိုခြင်း၏ အကြောင်း

၁။ မလျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိခြင်း၊

၂။ လျောက်ပတ်သည်၌ အတိုင်းအရှည်ကို မသိတတ်ခြင်း၊

၃။ ကြေကျက်ခဲ​သော အစာကို စားလေ့ရှိခြင်း၊

၄။ အချိန်မဟုတ်သည်၌ သွားလာတတ်ခြင်း၊

၅။ မမြတ်သော (မေထုန်) အကျင့်ကို ကျင့်လေ့ရှိခြင်း။

အသက်ရှည်ခြင်း၏ အကြောင်း

၁။ လျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိခြင်း၊

၂။ လျောက်ပတ်သည်၌ အတိုင်းအရှည်ကို သိတတ်ခြင်း၊

၃။ ကြေကျက်လွယ်သော အစာကို စားလေ့ရှိခြင်း၊

၄။ အချိန်အခါ၌ သွားလာတတ်ခြင်း၊

၅။ မြတ်သော အကျင့်ကို ကျင့်ခြင်း။

             (ပဌမအနာယုဿာသုတ်​)

အသက်တိုခြင်း၏ အကြောင်း

၁။ မလျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိခြင်း၊

၂။ လျောက်ပတ်သည်၌ အတိုင်းအရှည်ကို မသိတတ်ခြင်း၊

၃။ ကြေကျက်ခဲ​သော အစာကို စားလေ့ရှိခြင်း၊

၄။ သီလမရှိခြင်း၊

၅။ ယုတ်​မာ​သော အ​ဆွေခင်​ပွန်းရှိခြင်း၊

အသက်ရှည်ခြင်း၏ အကြောင်း

၁။ လျောက်ပတ်သည်ကို ပြုလုပ်လေ့ရှိခြင်း၊

၂။ လျောက်ပတ်သည်၌ အတိုင်းအရှည်ကို သိတတ်ခြင်း၊

၃။ ကြေကျက်လွယ်သော အစာကို စားလေ့ရှိခြင်း၊

၄။ သီလရှိခြင်း၊

၅။ အ​ဆွေခင်​ပွန်း​ကောင်း ရှိခြင်း၊

  • ဒုတိယအနာယုဿာသုတ်​
  • အင်္ဂုတ္တိုရ်​၊ပဉ္စက၊ဒု-၁၂၈