မိဘဂုဏ် ၁၂ပါး

၁။ မိဘဆိုတာ ကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်

၂။ သွင်သင်ပြသ ဆိုဆုံးမ မိဘဆရာ ဖြစ်တော့သည်

၃။ အလှူခံ ပုဂ္ဂိုလ်မိဘဆို လှူကိုလှူရမည်

၄။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်

၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လဲချစ်ကြသည်

၆။ မွေးဖွား ပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်

၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်

၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်

၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်

၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်

၁၁။ ယုယပိုက်ထွေး ချော့မြူပေး နွေးထွေး ကြင်နာသည်

၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာထိန်းသိမ်းသည်

သောဏနန္ဒဇာတ်