ဂုဏ်တော် (၁၃)ပါး ဘုရားရှိခိုး

အရဟံ ဗဟိ အန္တဇယံ သုဂတံ

အဓိတံ ဝိရဇံ လ လိတံ အတုလံ

စရဏံ တိဘဝူပသမံ ယမကံ

သုခဒံ သရဏံ ပဏာမာမိ ဇိနံ။

အနက် –

အရဟံ – ပူ​ဇော်အထူးကို ခံယူထိုက်​တော်မူ​သော၊

ဗဟိအန္တဇယံ – အတွင်းရန်၊ အပြင်ရန်တို့ကို ​အောင်မြင်​တော်မူ​သော၊

သုဂတံ – ​ကောင်း​သောစကားကို ​​ပြောဆို​တော်မူ​သော၊

အဓိတံ – မနှိုင်းယှဥ်နိုင်​သော တန်ခိုး​တော် ရှိ​တော်မူ​သော၊

ဝိရဇံ – ကိ​လေသာ ရမ္မက်မြူ ကင်း​တော်မူ​သော၊

လလိတံ – အလွန် တင့်တယ် သပ္ပါယ်​တော်မူ​သော၊

အတုလံ – အတု မရှိ​တော်မူ​သော၊

စရဏံ – အကျင့်စရဏနှင့် ပြည့်စုံ​တော်မူ​သော၊

တိဘဝူပသမံ – ဘုံသုံးပါးတွင် ကိ​လေသာ ကင်း​တော်မူ​သော၊

ယမကံ – ​ရေမီးအစုံ တန်ခိုးပြဋိဟာနှင့် ပြည့်စုံ​တော်မူ​သော၊

သုခဒံ – ချမ်းသာကို ​ပေးစွမ်းနိုင်​သော၊

သရဏံ – ကိုးကွယ် အားထားရာဖြစ်​သော၊

ဇိနံ – မာရ်ငါးပါးကို ​အောင်မြင်​တော်မူ​သော၊

ပဏာမာမိ – ရှိခိုးပါ၏ အရှင်ဘုရား။