ဦးခန္တီ၏ ရွှေဖြစ်ငွေဖြစ် ဂါထာ

တု​မှေ စိတ္တံ စ ​ကာ​ယော စ၊

သ​ဗ္ဗေ ​ဒေဝါ မနုဿာ စ။

သီတံ ဥဒကံ ဣစ္ဆိတံ၊

ပတ္တိတံ ​ဟောန္တု ​မေ ​မေတ္တံ။

အနက် –

သ​ဗ္ဗေ ​ဒေဝါ စ – ခပ်သိမ်းကုန်​​သော နတ်အ​ပေါင်းတို့သည်၎င်း၊ သ​ဗ္ဗေ မနုဿာ စ – ခပ်သိမ်းကုန်​သော လူအ​ပေါင်းတို့သည်၎င်း၊ တု​မှေ – သင်တို့သည်၊ ​မေ – ​​မေတ္တာလိုလား​သော ကျွန်ုပ်အ​ပေါ်အား၊ စိတ္တံ စ – စိတ်သည်၎င်း၊ ကာ​ယော စ – ကိုယ်သည်၎င်း၊ ဣစ္ဆိတံ ပတ္တိတံ – အလိုရှိအပ် ​တောင့်တအပ်​သော၊ သီတလံ ဥဒကံ ​မေတ္တံ – ​အေးမြယိုဆွတ် ​မေတ္တာဓါတ်ကို၊ ​ဟောန္တု – ဖြစ်​ပေါ်ကြပါ​စေကုန်သတည်း။

လင်္ကာ –

ခပ်သိမ်းနတ်လူ ၊ ချစ်ကြည်ဖြူဖို့၊

ခံယူ​မေတ္တာ၊ ဤဂါထာသည်၊ လွန်စွာနတ်ချစ်၊ ​ရွှေ​ငွေဖြစ်၏။