အဘိညာဥ်(၆)ပါး ဘုရားရှိခိုး

ဣဒ္ဓိဝိဓံ ဒိဗ္ဗ​သောတံ၊ ပရစိတ္တ ဝိဇာန​နော၊

ပု​ဗ္ဗေနိဝါသာနုဿတိ၊ ဒိဗ္ဗစက္ခါ သဝက္ခယံ၊

ဆဠာဘိ​ညေဟိ သမ္ပန္နံ၊ ဝန္ဒါမိ ပုရိသုတ္တမံ။

အနက် –

  • ဣဒ္ဓိဝိဓံ – ​မြေလျှိုးခြင်း၊ မိုးပျံခြင်း အစရှိသည်ဖြင့် အထူးထူး အပြားပြား တန်ခိုးဖန်ဆင်းခြင်းငှာ စွမ်းနိုင်​သော ဣဒ္ဓိဝိဓ အဘိညဥ်၊
  • ဒိဗ္ဗ​သောတံ – နတ်တို့ကဲ့သို့ ​ဝေး​သောအသံ၊ တိုး​သောအသံကို ကြားနိုင်​​သော အဘိညာဥ်၊
  • ပရစိတ္တဝိဇာနနာ – သူများ၏ စိတ်အကြံကို သိနိုင်​သော အဘိညာဥ်၊
  • ပု​ဗ္ဗေတိဝါသနုဿတိ – ​ရှေး​ရှေးဘဝ၌ ဖြစ်ခဲ့သမျှ အ​ကြောင်းကို ​အောက်​မေ့နိုင်​သော အဘိညာဥ်၊
  • ဒိဗ္ဗစက္ခု – နတ်မျက်စိကဲ့သို့ ​ဝေး​သော အဆင်း၊ ဖုံးကွယ်​သော အဆင်း၊ ​သေးငယ်​သော အဆင်းကို မြင်နိုင်​​သော အဘိညာဥ်၊
  • အသဝက္ခယံ – အာသ​ဝေါတရား ​လေးပါးတို့၏ ကုန်ရာဖြစ်​သော အာသဝက္ခယ အဘိညာဥ်၊
  • ဣတိ – ဤသို့၊ ဆဠာဘိ​ညေဟိ – ​ထြောက်ပါး​သောအဘိညာဥ်တို့နှင့်၊ သမ္ပန္နံ – ပြည့်စုံ​တော်မူ​သော၊ ပုရိသုတ္တမံ – ​ယောကျ်ားမြတ် ဖြစ်​တော်မူ​သော မြတ်စွာဘုရားကို၊ အဟံ – အကျွန်ုပ်သည်၊ ဝန္ဒါမိ – ရို​သေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား။

အညွှန်း –

  • အရှင် အနုရုဒ္ဓါမ​ထေရ် စီရင်​တော်မူအပ်​သော အဘိဓမ္မတ္ထသင်္ဂဟပါဌ် ကမ္မဋ္ဌာန်းပိုင်း၊ နှာ(၁၅၆)တွင် ဣဒ္ဓိဝိဓံ မှစ၍ ပဉ္စဓါ အထိပါသည်။
  • အကြားအမြင်ရနိုင်​သည်။