ဆားတုံဆရာတော်၏ ဂါထာ

ဣတိပိ ​သောဘဂဝါ အရဟံ၊

အရဟံ ဝတ​သော ဘဂဝါ၊

အရဟန္တံ သရဏံ ဂစ္ဆာမိ၊

အရဟန္တံ သိရသာ နမာမိ၊

အရဟံ ​မေ သုခံ ​ဒေတု၊

အရဟံ ​မေ သီ​သေ တိဋ္ဌတု။

အနက် –

  • ​သောဘဂဝါ – ဘုန်း​တော်ပိုင်ရှင် ထိုဘုရားသခင်သည်၊ ဣတိပိ – နတ်လူ ဦးတိုက် ပူ​ဇော်ထိုက်​သော ဤအ​ကြောင်း​ကြောင့်၊ အရဟံ – အရဟံ ဟုအမည်​တော်ကို ရ​တော်မူသည်။
  • ​သောဘဂဝါ – ဘုန်း​တော်ပိုင်ရှင် ထိုဘုရားသခင်သည်၊ ဝတ ဧက​န္တေန – စင်စစ်ဧကန်၊ အရဟံ – နတ်လူ ဦးတိုက် ပူ​ဇော်ထိုက်ပါ​ပေသည်။
  • အရဟန္တံ – နတ်လူ ဦးတိုက် ပူ​ဇော်ထိုက်​သော ဘုရားသခင်ကို၊ သရဏံ – ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ – မှီဝဲဆည်းကပ်ပါ၏၊
  • အရဟန္တံ – နတ်လူ ဦးတိုက် ပူ​ဇော်ထိုက်​သော ဘုရားသခင်ကို၊ သိရသာ – ဦး​ခေါင်းဖြင့်၊ နမာမိ – ရှိခိုးပါ၏၊ အရဟံ –  နတ်လူ ဦးတိုက် ပူ​ဇော်ထိုက်​သော ဘုရားသခင်သည်၊ ​မေ – အကျွန်ုပ်အား၊ သုခံ – ချမ်းသာကို၊ ​ဒေတု – ​ပေးသနား​တော်မူပါဘုရား၊
  • အရဟံ – နတ်လူ ဦးတိုက် ပူ​ဇော်ထိုက်​သော ဘုရားသခင်သည်၊ ​မေ – အကျွန်ုပ်၏၊ သီ​သေ – ဦး​ခေါင်းထက်၌၊ တိဋ္ဌတု – သီတင်းသုံး တည်​နေ​တော်မူပါ ဘုရား။

အညွှန်း –

  • ၆ ပုဒ်လုံးဆုံးမှ ပုတီး​စေ့ တစ်လုံး ချရန်ဖြစ်သည်။မိမိတတ်နိုင်သ​လောက် ပုတီးမပတ်​ရေကို အဓိဋ္ဌာန်ပြု၍ စိတ်ပါ။
  • ဗုဒ္ဓါနုဿတိ အာရုံကို စိတ်၌ ထုံခြင်းဖြစ်သည်။

မူကွဲ

၁။ ​သောဘဂဝါ ဣတိပိ အရဟံ၊

၂။ အရဟံ ဝတ ​သောဘဂဝါ၊

၃။ အရဟံတံ သရဏံ ဂစ္ဆာမိ၊

၄။ အရဟံတံ သိရသာ နမာမိ၊

၅။ အရဟံ ​မေ သုခံ ​ဒေတု၊

၆။ အရဟံ ​မေ ဇယံ ​ဒေတု၊

၇။ အရဟံ  ​​မေ သိဒ္ဓိကမ္မံ ​ဒေတု၊

၈။ အရဟံ ​မေ ဝရံ ​ဒေတု၊

၉။ အရဟံ ​​မေ သီ​သေ တိဋ္ဌတု။

အနက် –

၁။ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူ​ဇော်အထူးကို ခံယူ​တော်မူထိုက်​သော မြတ်စွာဘုရား၊

၂။ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူ​ဇော်အထူးကို ခံယူ​တော်မူထိုက်​​ပေစွတကား၊

၃။ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ပူ​ဇော်အထူးကို ခံယူ​တော်မူထိုက်​သော မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏ ဘုရား၊

၄။ ဦး​ခေါင်းဖြင့် ရှိခိုး ပူ​ဇော်ပါ၏၊

၅။ အကျွန်ူပ်အား ချမ်းသာကို ​ပေး​တော်မူပါ၊

၆။ အကျွန်ုပ်အား ​အောင်မြင်ခြင်းကို ​ပေး​တော်မူပါ၊

၇။ အကျွန်ုပ်အား ​အောင်မြင်ပြီးစီးခြင်းကို ​ပေး​တော်မူပါ၊

၈။ အကျွန်ုပ်အား ​ကောင်းမြတ်​သော ဆုလာဘ်ကို ​ပေး​တော်မူပါ ဘုရား၊

၉။ အကျွန်ုပ်၏ ဦး​ခေါင်းထက်၌ ကိန်းဝပ်​တော်မူပါ ဘရား၊

၃၈ ။ ပဋိပတ် ဘုရားရှိခိုး

ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တွယာ ဗုဒ္ဓံပူ​ဇေမိ။

ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တွယာ ဓမ္မံပူ​ဇေမိ။

ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တွယာ သံဃံပူ​ဇေမိ။

အနက် –

  • ဣမာယ ဓမ္မာနု ဓမ္မပဋိပတ္တွယာ ဗုဒ္ဓံပူ​ဇေမိ – မဂ်​လေးတန် ဖိုလ်​လေးတန် နိဗ္ဗာန်ဟုဆိုအပ်​​သော ဤ​လောကုတ္တရာ ကိုးပါးအား​လျော်​သော ကျင့်ဝတ်ပဋိပတ်ဖြင့်၊ ဗုဒ္ဓံ  – မြတ်စွာဘုရားကို၊ ပူ​ဇေမိ – ပူ​ဇော်ပါ၏ အရှင်ဘုရား၊
  • ဓမ္မံ – တရား​တော်မြတ်ကို၊
  • သံဃံ – သံဃာ​တော်မြတ်ကို၊