သိဒ္ဓိအောင် ပုတီးစိပ်

သိဒ္ဓိ ဘဂဝါ အရဟံ ဗု​ဒ္ဓေါ ​မေ သတ္တပါရကာရံ၊

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

သိဒ္ဓိ ဘဂဝါ အရဟံ ဓ​မ္မော ​မေ သတ္တပါရကာရံ၊

ဓမ္မံ သရဏံ ဂစ္ဆာမိ။

သိဒ္ဓိ ဘဂဝါ အရဟံ သံ​​ဃော ​မေ သတ္တပါရကာရံ၊

သံဃံ သရဏံ ဂစ္ဆာမိ။

အနက် –

  • အရဟံ – လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ပူ​ဇော်အထူးကို ခံယူ​တော်မူထိုက်​သော၊
  • ဘဂဝါ – ဘုန်း​တော် ​ခြောက်ပါးနှင့် ပြည့်စုံ​တော်မူ​သော မြတ်စွာဘုရားသည်၊
  • သိဒ္ဓိ – ​လောကီသိဒ္ဓိ၊ ​လောကုတ္တရာ သိဒ္ဓိ အမျိုးမျိုးနှင့် ပြည့်စုံ​တော် မူပါ​ပေကုန်၏၊
  • ဗု​ဒ္ဓေါ – ဘုရားသခင်သည်၊
  • ​မေ – တပည့်​တော်အား၊
  • သတ္တပါကာရံ – တံတိုင်း ခုနှစ်ထပ် ကာရံဘိ သကဲ့သို့ ​ဘေးရန်အမျိုးမျိုးတို့ကို ကာကွယ် ​စောင့်​ရှောက်​တော်မူပါ ဘုရား။
  • ဗုဒ္ဓံ – မြတိစွာဘုရားကို၊ သရဏံ – ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ – ဆည်းကပ်ပါ၏၊
  • ဓ​မ္မော – တရား​တော်မြတ်သည်၊
  • သံ​ဃော – သံဃာ​တော်မြတ်သည်။

အညွှန်း –

  • အားလုံးကို ပုတီးတစ်လုံးချပါ။
  • မိမိ တတ်နိုင်သ​​လောက် ပုတီးပတ်​ရေကို အဓိဋ္ဌာန်ပြု၍ စိပ်နိုင်သည်။