သုဂတော ငါးချက် ဂါထာ

သုဂ​တော သုဂတ ဓါနံ၊ သုဂ​တော သုန္ဒရံပိစ။

နိဗ္ဗာနံ သုဂ​တော ယာတိ၊ သုဂ​တော ​တေ န​မော နမာ။

အနက် –

သုဂ​တော – ​ကောင်း​သော ဝိပဿနာတရားကို ​ပြောဆို​လေ့ရှိ​သော မြတ်စွာဘုရားသည်၊ သုဂတ ဓါနံ – ဥပါဒါနက္ခန္ဓါတည်းဟူ​သော ရန်သူ​ဘေးမှ လွတ်ငြိမ်းရာဖြစ်​သော နိဗ္ဗာန်၌ တည်​တော်မူ၏၊ သုဂ​တော – ဤသို့ နိဗ္ဗာန်၌ တည်​တော်မူ​သော မြတ်စွာဘုရား၏ သုဂတဟူ​သော ဂုဏ်​တော်သည်၊ သုဂတံ – ​ကောင်း​သော ဝိပဿနာ ဘာဝနာကို ရွတ်ဆို​လေ့ရှိ​သော သဒ္ဓါနုဿရီမည်​သော သပ္ပုရိသ သူ​တော်​ကောင်း အ​ပေါင်းကို၊ သုဂတဒါနံ – ဥပါဒါနက္ခန္ဓါတည်းဟူ​သော ရန်သူ​ဘေးမှ လွတ်ငြိမ်းရာဖြစ်​သော နိဗ္ဗာန်သို့ ပို့​ဆောင်​တော်မူတတ်၏၊ သုဂ​တော – ​ကောင်း​သော ဝိပဿနာဘာဝနာကို ​ပြော​လေ့ရှိ​သော မြတ်စွာဘုရားသည်၊ သုဂ​တော သုဂတံ – ​ကောင်း​သော ဝိပဿနာ ဘာဝနာကို ပွားများ​လေ့ရှိ​သော သဒ္ဓါနုဿရီမည်​သော သပ္ပုရိသ သူ​တော်​ကောင်း အ​ပေါင်းကို၊ သုန္ဒရံပိ – အလွန်​ကောင်းမြတ်သည်လည်းဖြစ်​သော၊ နိဗ္ဗာနံ – ဥပါဒါနက္ခန္ဓါတည်းဟူ​​သော ရန်​ဘေးမှ လွတ်ငြိမ်းရာ နိဗ္ဗာန်သို့၊ ယာတိစ – ကိုယ်​တော်တိုင်လည်း ကြွသွား​တော်မူ၏၊ သူတစ်ပါးကိုလည်း ကြွသွား​စေ​တော် မူ၏၊ သုဂ​တော – ဝိပဿနာ ဘာဝနာတည်းဟူ​သော ​ကောင်း​သောစကားကို ​ပြောဆို​တော် မူတတ်​သော​ကြောင့် သုဂတဂုဏ်နှင့် ပြည့်စုံ​တော်မူ​သော မြတ်စွာဘုရား၊ ​တေတဝ – ရှင်​တော်မြတ် ဘုရားအား၊ န​မာ – လက်အုပ်မိုး၍၊ အဟံ – အကျွန်ုပ်သည်၊ န​မော – ရှိခိုးပါ၏ အရှင်ဘုရား။

အညွှန်း –

  • ဆရာကြီး ဦးညွန့်၏ ပညာနတ္တိ ဝိပဿနာကျမ်း၊ နှာ(၂၉၉)
  • သုဂ​တော ဂုဏ်​တော် အဖွင့်ဂါထာ

မူကွဲ –

သုဂ​တော သုဂတဌာနံ၊ သုဂ​တော သုန္ဒရမ္ပိစ။

သုဂ​တော နိဗ္ဗာနံယာတိ၊ သုဂ​တော ​တေန​​မော နမာ။

၃၁။ နမက္ကာရပါဌ် ဘုရားရှိခိုး

သုဂတံ သုဂတံ ​သေဋ္ဌံ

ကုသလံ ကုသလံ ဇဟံ

အ-မတံ အ-မတံ သန္တံ

အ-သမံ အ-သမံ ဒဒံ။

သရဏံ သရဏံ ​​လောကံ

အ-ရဏံ အ-ရဏံ ကရံ

အ-ဘယံ အ-ဘယံ ဌာနံ

နာယကံ နာယကံ န​​မေ။

အနက် –

  • သုဂတံ – စကားဆိုရန် ခွန်း​ခြောက်တန်တွင် ဟုတ်မှန် ကျိုး​ကြောင်း ​ကောင်း​သော သံချိုစကား ကိုလည်း ဆို​တော်မူတတ်ထ​သော၊
  • သုဂတံ – ​ကောင်း​သော ပြည်နိဗ္ဗာန်သို့ ဖလသမာပတ် အာရုံမြတ်ဖြင့် ​လျောက်ပတ်စွာ ​ရောက်​တော်မူပြီးထ​သော၊
  • ​သေဋ္ဌံ – ချီးမွမ်းအပ်သူ နတ် လူတို့ထက် ဆထက်လွန်ကြူး ထူး၍ချီးအပ် မြတ်​တော်မူထ​သော၊
  • ကုသလံ ကုသလံ – ကုသိုလ် ကုသိုလ်ကို၊
  • ဇဟံ – စွန့်​တော်မူပြီးထ​သော၊
  • အ-မတံ – တရားအမြိုက် ရသာဓါတ်နှင့် သိုက်သိုက်ကုံလုံ ပြည့်စုံ​တော်မူထသာ၊
  • သန္တံ – ငြိမ်သက်စွာ ထ​သော၊
  • အ- သမံ – တစ်ဖက် နှိုင်းယှဥ်စရာ ဥပမာလည်း မရှိထ​သော၊
  • အ-သမံ – တစ်ဖြစ်ခဲညို မဂ်ဖိုလ် ရှစ်တန် မြိုက်နိဗ္ဗာန်ကို၊
  • ဒဒံ – ​ပေး​တော်မူတတ်​သော၊
  • သရဏံ – လူနတ် ဗြဟ္မာတို့၏ ကိုးကွယ်ရာ ဖြစ်​တော်မူ​သော၊
  • ​လော​ကေ – ​လောကသုံးခွင် ဘုံသုံးပြင်ကို၊
  • သရဏံ – သိ​​တော်မူတတ်​သော၊
  • အ-ရဏံ – တစ်​ထောင့်ငါးရာ ကိ​လေသာဟု မိစ္ဆာရန်သူ ခပ်သိမ်းမြူလည်း ကင်း​တော်မူပုီး​သော၊
  • အ-ရဏံ – လူ နတ် ဗြဟ္မာ သတ္တဝါတို့ ကိ​လေသာခပင်း မြူကင်းခြင်းကို၊
  • ကရံ – ပြု​တော်မူတတ်​သော၊
  • အ-ဘယံ – ​ဘေးမှ ရှင်းရှင်း ကင်း​တော်မူ​သော၊
  • အ-ဘယံ – ​ဘေးမရှိ​သော၊
  • ဌာနံ – နိဗ္ဗာန်ပြည်ထင် ရိပ်သာလွင်သို့၊
  • နာယကံ – ပို့တင်​တော် မူတတ်​သော၊
  • နားကံ – လူတို့အထွတ် နတ်တို့အမှူး ဂုဏ်ထူးထင်ရှား မြတ်ဘုရားကို၊
  • အဟံ – အကျွန်ုပ်သည်၊
  • န​​မေ နမာမိ – ရှိခိုးပါ၏။

အညွှန်း –

  • နမက္ကာရ ဘုရားရှိခိုး(၃၃)ဂါထာမှ ပထမဂါထာ ဖြစ်သည်။

ဗုဒ္ဓါ နုဿတိဘာဝနာ ကုသိုလ်ထူးကို ရရှိနိုင်ပါသည်။