ရတနသုတ်လာ ဂါထာ (ခွေးရူးပျောက်)

ဝ​ရော ဝရညု ဝ​ရ​ဒေါ ဝရာဟ​ရော၊

အနုတ္တ​​ရော ဓမ္မဝရံ ​အ​ဒေသယိ။

ဣဒမ္ပိ ဗု​ဒ္ဓေ ရတနံ ပဏီတံ၊

ဧ​တေန သ​စ္စေန သုဝတ္ထိ ​ဟောတု။

အနက် –

ဝ​ရော – စိတ်ထားမြတ်သူ လူ နတ်အများ လိုလား​တောင့်တအပ် မြတ်​တော်မူထ​သော၊ ဝရညု – အမြတ်ဆုံး နိဗ္ဗာန်ကိုလည်း သိ​တော်မူထ​သော၊ ဝရ​ဒေါ – အမြတ်တရားကို ​ပေးသနား​တော် မူထ​သော၊ ဝရာဟ​ရော – ကျင့်စဥ် အ​ကောင်း ​လမ်းမြတ်ကို ယူ​ဆောင်​တော် မူတတ်ထ​သော၊ အနုတ္တ​ရော – သာလွန်သည် မထင် အမြတ်ဆုံး ဘုရားရှင်သည်၊ ဓမ္မဝရံ – တရား​တော်မြတ်ကို၊ အ​ဒေသယိ – ​ဟောကြား​တော် မူ​ပေပြီ၊ ဗု​ဒ္ဓေ – မြတ်စွာဘုရား၌၊ ဣဒမ္ပိရတနံ – ဤရတနာ၏အဖြစ် နှစ်သက်ဖွယ် ဂုဏ်ရည်သည်လည်း၊ ပဏီတံ – ထူးမြတ်လှပါ​ပေ၏၊ ဧ​တေန သ​စ္စေန – ဤသစ္စာစကား​ကြောင့်၊ သုဝတ္ထိ​ဟောတု – သတ္တဝါ​တွေ ချမ်းသာပါ​စေသတည်း။

အညွှန်း –

  • ပရိတ်​ရေအဖြစ် သုံးနိုင်သည်။
  • ရတနသုတ်ကို နာကြားရွတ်ဖတ်ခြင်းဖြင့် ကပ်သုံးပါး​ ​ကျော်လွှားနိုင်သည်။ နတ်​ကောင်း နတ်မြတ်တို့၏ ကူညီ ​စောင့်​ရှောက်မှုကို ရရှိနိုင်သည်။
  • မိမိ​​​နေအိမ် ​ဘေးအန္တရာယ် ကင်းရှင်း​စေနိုင်သည်။
  • ​ခွေရူး​ပျောက်​ဆေး အဖြစ်လည်း သုံးနိုင်သည်။
  • ​ခွေးရူးကိုက်ခံရလျှင် ​ခွေး​တောက်ရွက် ခုနှစ်ရွက်ကို ပက်လက် အရင်းအဖျား အပြန်အလှန်ထပ်၍ အရင်းအဖျား ပစ်ပယ်ပါ။ တစ်ရွက်စီ လက်မလွတ် အထပ်မပျက် ဘယ်လက်ဖြင့်ကိုင်၍ ညာလက်က ခဲတံ၊ တုတ်၊ သံချွန် ရရာဖြင့် –

ဝ​ရော

ဝရညု

ဝရ​ဒေါ

ဝရဟ​ရော

အနုတ္တ​ရော

ဓမ္မဝရံ

အ​ဒေသယိ – ဟု​ရေးပါ။ပြီးလျှင် အလျားလိုက် ကြိတ်ပါ။​နောက်မှ အားလုံး​ရောကြိတ်ပါ။ ညက်လျှင် သုံးလုံး လုံးပြီး “ဣဒမ္ပိ ဗု​ဒ္ဓေ ရတနံ ပဏီတံ ဧ​တေန သ​စ္စေန သုဝတ္ထိ ​ဟောတု” ဟု ခုနှစ်အုပ်မန်းပါ။

ဘုရားဂုဏ်​တော်၊ သရဏဂုံ၊ သမ္ဗု​ဒ္ဓေ တို့ဖြင့် မန်းပါ။ လူနာကို တစ်လုံးပြီး တစ်လုံးဆကိ၍ တိုက်ပါ။

​ရိုးရာ​ဆေးနည်း –

(င ​ခွေး ဖြူ မ သက် ဖွား)

ငရုတ်​ကောင်း၊ ​ခွေး​တောက်မြစ်၊ ​အောင်မဲဖြူမြစ်၊ မရိုးမြစ်၊ သက်ရင်းကြီးမြစ်၊ ဖွားဖက်မြစ် များကို ဆတူ​ထောင်း၍ ​ရွေးငယ်ခန့် လုံးထားပါ။ ​ခွေးရူးကိုက်ခံရသူ သုံးရက်ရှိပြီးလျှင် တစ်​နေ့ ခုနှစ်လုံး ခုနှစ်ရက် ဆက်တိုက်ပါ။