အစိန္တေယျ လေးပါး ဘုရားရှိခိုး

၁။ ဝါစာဝါစာ ဝိလာသဂ္ဂ၊ ဝါစာစိ​န္တေယျ သံယုတ္တံ၊

ဝ​န္ဒေသာရ ဂု​ဏော​ပေတံ၊ ​​တေနမှာ တုလဝါစ​ကော။

၂။ ရူပ ရူပ ဝိလာသဂ္ဂ၊ ရူပစိ​န္တေယျ သံယုတ္တံ၊

ဝ​န္ဒေသာရ ဂု​ဏော​ပေတံ၊ ​​တေနမှာ တုလရူပဝါ။

၃။ ဉာဏ ဉာဏ ဝိလာသဂ္ဂ၊ ဉာဏာစိ​န္တေယျ သံယုတ္တံ။

ဝ​န္ဒေသာရ ဂု​ဏော​ပေတံ၊ ​​တေနမှာ တုလဉာဏဝါ။

၄။ဣဒ္ဓိ ဣဒ္ဓိ ဝိလာသဂ္ဂ၊ ဣဒ္ဓိစိ​န္တေယျ သံယုတ္တံ၊

ဝ​န္ဒေသာရ ဂု​ဏော ​ပေတံ၊ ​တေနမှာ တုလဣဒ္ဓိမာ။

အနက် –

​၁။ ဝါစာ – ပကတိ​သော စကား​တော်၊ ဝါစာဝိလာသ – အလွန်အကျူး အထူးအံ့ဖွယ်ရှိ​သော စကား​တော်၊ ဝါစာအစိ​န္တေယျ – မကြံစည်အပ် မကြံစည်နိုင်​သော စကား​တော်တို့နှင့် ​ကောင်းစွာယှဥ်​တော်မူအပ်​သော၊ သာရဂု​ဏော​ပေတံ – ​ကျေးဇူး​တော်စစ် ဂုဏ်​တော်နှစ်နှင့် ပြည့်စုံ​တော်မူ​သော မြတ်စွာဘုရားကို၊ အဟံ – အကျွန်ုပ်သည်၊ ဝ​န္ဒေ ဝန္ဒါမိ – ရှိခိုးပါ၏၊ ​တေန – ထိုသို့ရှိခိုးရ​သော ​ကောင်းမှု​ကြောင့်၊ အတုလ ဝါစ​ကော – အတုမရှိ​သော စကားရှိသည်၊ အမှီ – ဖြစ်ရပါလို၏ အရှင်ဘုရား။

၂။ ရူပ – ပကတိ​​သော အဆင်း​တော်၊ ရူပဝိလာသ – အလွန်အကြူး အထူးသဖြင့် တင့်တယ်​သောအဆင်း​တော်၊ ရူပ အစိ​န္တေယျ – မကြံစည်အပ် မကြံစည်နိုင်​သော အဆင်း​တော်တို့နှင့် ​ကောင်းစွာ ယှဥ်​တော်မူ​သော၊ သာရဂု​ဏော​ပေတံ – ​ကျေးဇူး​တော်စစ် ဂုဏ်​တော်နှစ်နှင့် ပြည့်စုံ​တော်မူ​သော မြတ်စွာဘုရားကို၊ အဟံ – အကျွန်ုပ်သည်၊ ဝ​န္ဒေ ဝန္ဒါမိ – ရှိခိုးပါ၏၊ ​တေန – ထိုသို့ ရှိခိုးရ​သော ​ကောင်းမှု​ကြောင့်၊ အတုလ ရူပဝါ – အတုမရှိ​သော အဆင်းရှိသည် (ဝါ) အတုမရှိ​သော အဆင်းနှင့်ပြည့်စုံသည်၊ အမှီ – ဖြစ်ရပါလို၏ အရှင်ဘုရား။

၃။ ဉာဏ – ပကတိ​သောဉာဏ်​တော်၊ ဉာဏဝိလာသ – အလွန်အကြူး အထူးအံ့ဖွယ်ရှိ​သော ဉာဏ်​တော်၊ ဉာဏအစိ​န္တေယျ – မကြံစည်အပ် မကြံစည်နိုင်​သော ဉာဏ်​တော်တို့နှင့် ​ကောင်းစွာယှဥ်​တော်မူ​သော၊ သာရဂု​ဏော​ပေတံ – ကျေးဇူး​တော်စစ် ဂုဏ်​တော်နှစ်နှင့် ပြည့်စုံ​တော်မူ​သော မြတ်စွာဘုရားကို၊ အဟံ – အကျွန်ုပ်သည်၊ ဝ​န္ဒေ ဝန္ဒါမိ – ရှိခိုးပါ၏၊ ​တေန – ထိုသို့ရှိခိုးရ​သော ​ကောင်းမှု​ကြောင့်၊ အတုလ ဉာဏဝါ – အတုမရှိ​သော ဉာဏ်ရှိသည်၊ အမှီ – ဖြစ်ရပါလို၏ အရှင်ဘုရား။

၄။ ဣဒ္ဓိ – ပကတိ​သော တန်ခိုး​တော်၊ ဣဒ္ဓိဝိလာသ – အလွန်အကြူး အထူးအံ့ဖွယ်ရှိ​သော တန်ခိုး​တော်၊ ဣဒ္ဓိအစိ​န္တေယျ – မကြံစည်အပ် မကြံစည်နိုင်​သော တန်ခိုး​တော်တို့နှင့် ​ကောင်းစွာယှဥ်​တော်မူ​သော၊ သာရဂု​ဏော​ပေတံ – ကျေးဇူး​တော်စစ် ဂုဏ်​တော်နှစ်နှင့် ပြည့်စုံ​တော်မူ​သော မြတ်စွာဘုရားကို၊ အဟံ – အကျွန်ုပ်သည်၊ ဝ​န္ဒေ ဝန္ဒါမိ – ရှိခိုးပါ၏၊ ​တေန – ထိုသို့ရှိခိုးရ​သော ​ကောင်းမှု​ကြောင့်၊ အတုလ ဣဒ္ဓိမာ – အတုမရှိ​သော တန်ခိုးရှိသည်၊ အမှီ – ဖြစ်ရပါလို၏ အရှင်ဘုရား။

အညွှန်း –

  • မိမိသက်​စေ့ ရွတ်ဖတ်ပါက မကြံအပ် မကြံစည်နိုင်​သော အရာများ ပြီးပြည့်စုံနိုင်သည်။ လူ နတ် ချစ်ခင်သည်။ ဥပဓိရုပ် ခံ့ညားသည်။ အကြံဉာဏ်​ကောင်းရသည်။ တန်ခိုးထက်မြက်သည်။