မင်္ဂလာအခါတော် ဂါထာ

သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။

သုခ​ဏော သုမုဟု​တ္တောစ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။

အနက် –

  • (ယသ္မိံ ဒိဝ​သေ – အကြင်​နေ့၌၊ တ​ယော-သုစရိတဓ​မ္မေ – သုစရိုက်တရား သုံးပါးတို့ကို၊ ပရိပူ​ရေန္တိ – ဖြည့်ကျင့်ကြကုန်၏၊ ​သော ဒိဝ​သော – ထို​နေ့သည်) သုနက္ခတ္တံ – နက္ခတ် အ​ပေါင်း မ​ကောင်းမရှိ အ​ကောင်းအတိသာတည်း၊ သုမင်္ဂလံ – အမင်္ဂလာ ဘယ်ခါမရှိ ​ကောင်းမြတ်​သော မင်္ဂလာ အတိသာတည်း၊ သုပ္ပဘာတံ – အပြစ် ကင်းရှင်း ​ကောင်း​​သော မိုးလင်းရခြင်း ပင်တည်း၊ သုဟုဋ္ဌိတံ – သာယာ သန့်ရှင်း ​ကောင်း​သော အိပ်ယာမှ ထရခြင်း​ပေတည်း၊ သုခ​ဏော – ကြုံလာဆိုက်ရ ခဏတိုင်းမှာ ​ကောင်း​သော ခဏချည်းသာတည်း၊(တသ္မိံ ဒိဝ​သေ – ထိုသုစရိုက် ကျင့်ရာ​နေ့အခါ၌) ဗြဟ္မ စာရိသု – မြတ်​သောအကျင့်ကို ကျင့်​လေ့ရှိသူ ပုဂ္ဂိုလ်တို့၌၊ ယိဋ္ဌံ – လှူအပ် ပူ​ဇော်အပ်​သော အလှူသည်၊ သုယိဋ္ဌံ – အပြစ်ကင်း၍ သန့်ရှင်း​ကောင်းမြတ်​သော ပူ​ဇော်ရခြင်း ဖြစ်ပါ​ပေ၏။

အညွှန်း –

  • ပုဗ္ဗဏှသုတ်လာ ဂါထာ

နံနက် အိပ်ယာထတိုင်း ရွတ်ဆိုပါက အိမ်တွင် ကျက်သ​ရေ မင်္ဂလာ အ​ပေါင်းနှင့် ပြည့်စုံ​စေနိုင်သည်။