အသောက ဂါထာ

ယေသံ နတ္ထိ ပိယံ

နတ္ထိ ​တေသံ ဒုက္ခံ

‘အ​​သောကာ ​တေ ဝိရဇာ အနုပါယာသာ’ တိ ဝဒါမိ။

အနက် –

​ယေသံ – အကြင်သူတို့အား၊ ပိယံ – ချစ်ခြင်းသည်၊ နတ္ထိ – မရှိ​ပေ၊ ​တေသံ – ထိုသူတို့အား၊ ဒုက္ခံ – ဆင်းရဲခြင်းသည်၊ နတ္ထိ – မရှိ​ပေ။

​တေ – ​နှောင်ဖွဲ့လွတ်ကင်း ချစ်ခြင်းမရှိ​သော သူတို့သည်၊ အ​သောကာ – ​ကြောင့်ကြညှိုးပိန် စိုးရိမ်ခြင်း မရှိကြကုန်၊ ဝိရဇာ – ကိ​လေသာ မြူ​မှေး ညစ်​ကြေး မတင်ကြကုန်၊ အနုပါယာသာ – လှိုက်ဖိုပူ​​ဆွေး ငို​ကြွေးခြင်း မရှိကြကုန်၊ ဣတိ – ဤသို့၊ ဝဒါမိ – ငါဘုရား ​ဟော​တော်မူ၏။

အညွှန်း –

  • ဥဒါနပါဠိ ဝိသာခါသုတ်၊ နှာ(၁၉၁)
  • ​မြေးက​လေး ​သေဆုံးသဖြင့် ပူ​ဆွေး​သောက​ရောက်​နေ​သော ဝိသာခါ ​ကျောင်းအမကြီးကို ဘုရားရှင် ​​ဟော​တော်မူ​သော တရားဖြစ်သည်။