သိရသ္မိံ ဂါထာ

၁။ သိရသ္မိံ (​မေ) ဗုဒ္ဓ​သေ​ဋ္ဌော၊ သာရိပု​တ္တော စ ဒက္ခိ​ဏေ၊

ဝါမအံ​သေ ​မောဂ္ဂလ္လာ​နော၊ ပုရ​တော ပိဋကတ္တယံ၊

၂။ ပစ္ဆိ​မေ (မမ) အာန​န္ဒေါ၊ စတုဒ္ဒိသာ ခီဏာသဝါ၊

သမန္တာ ​လောကပါလာစ၊ ဣန္ဒါ​ဒေဝါ သ- ဗြဟ္မကာ။

၃။ ဧ​တေသံ အာနုဘာ​ဝေန၊ သ​ဗ္ဗေ ဘယဥပဒ္ဒဝါ၊

အ​နေကာ အန္တရာယာပိ၊ ဝိနဿန္တု မ​သေသ​တော။

အနက် –

၁။ ဗုဒ္ဓ​သေ​ဋ္ဌော – ဘုရားမြတ်စွာသည်၊ ​မေ – တပည့်​တော်၏၊ သိရသ္မိံ – ဦး​ခေါင်းထက်၌၊ တိဋ္ဌတု – တည်​နေပါ​စေသတည်း၊ သာရိပု​တ္တော – အရှင် သာရိပုတ္တရာ မ​ထေရ်မြတ်ကြီးသည်၊ ​မေ – တပည့်​တော်၏၊ ဒက္ခိ​ဏေ – လက်ယာပုခုံး၌၊ တိဋ္ဌတု – တည်​နေပါ​စေသတည်း၊ ​မောဂ္ဂလ္လာ​နော – အရှင်မဟာ ​မောဂ္ဂလ္လာန် မ​ထေရ်မြတ်ကြီးသည်၊ ​မေ – တပည့်​တော်၏၊ ဝါမအံ​သေ – လက်ဝဲပုခုံး၌၊ တိဋ္ဌတု – တည်​နေပါ​စေသတည်း၊ ပိဋကတ္တယံ – ပိဋကတ်သုံးပုံသည်၊ ​မေ – တပည့်​တော်၏၊ ပုရ​တော – မျက်နှာမူရာ ​ရှေ့ရပ်၌သာ၊ တိဋ္ဌတု – တည်​နေပါ​စေသတည်း။

၂။ အာန​န္ဒေါ – အရှင် အာနန္ဒါ မ​ထေရ်မြတ်ကြီးသည်၊ မမ – တပည့်​တော်၏၊ ပစ္ဆိ​မေ – မျက်နှာကွယ်ထား ​နောက်ရပ်ပါး၌၊တိဋ္ဌတု – တည်​နေပါ​စေသတည်း၊ ခီဏာသဝါ – ရဟန္တာ အရှင်မြတ်ကြီးတို့သည်၊ မမ – တပည့်​တော်၏၊ စတုဒ္ဒိတာ စတုဒ္ဒိသာသု – ​လေးမျက်နှာ ကိုယ်အင်္ဂါတို့၌၊ တိဋ္ဌတု – တည်​နေပါ​စေကုန်သတည်း၊ သ ဗြဟ္မကာ – ဗြဟ္မာမင်း အ​ပေါင်းတို့နှင့်တကွ ဖြစ်ကုန်​သော၊ ဣန္ဒါ ​ဒေ​ဝေါစ – သိကြားနတ်မင်းတို့သည်၎င်း၊ ​လောကပါလာစ – ​လောကကို ​စောင့်​ရှောက်ကြကုန်​သော နတ်​ကောင်း နတ်မြတ်တို့သည်၎င်း၊ မမ – အကျွန်ုပ်၏၊ သမန္တာ သမန္တာသု – ဝန်းကျင်ဒိသာ အရပ်တယ်မျက်နှာတို့၌၊ တိဋ္ဌတု – တည်​နေပါ​စေကုန်သတည်း။

၃။ ဧ​တေသံ – ထို ဘုရား တရား သံဃာ သိကြား နတ် ဗြဟ္မာ အ​ပေါင်းတို့၏၊ အာနုဘာ​ဝေန – တန်ခိုး​တေ​​​ဇော် ​မေတ္တာ​တော် အာနု​ဘော်​တော်​ကြောင့်၊ သ​ဗ္ဗေ – ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်​သော၊ ဘယဥပဒ္ဒဝါ – ​ဘေးအမျိုးမျိုး ဥပဒ်အမျိုးမျိုးတို့သည်၎င်း၊ အ​နေကာ – တစ်ပါးမက များလှစွာကုန်​သော၊ အန္တရာယာပိ – အန္တရာယ် အမျိုးမျိုးတို့သည်၎င်း၊ အ​သေသ​တော – အကြွင်းအကျန်မရှိ​သော အားဖြင့်၊ ဝိနဿန္တု – အလျှင်းမ​ရောက် ကင်းစင် လွင့်ပျောက်ပါ​စေ ကုန်သတည်း။

မှတ်ချက်။   ။ သူတစ်ပါးအတွက်(ဝါ) မကျန်းမမာသူအတွက် ရွတ်ဆိုလျှင် (​မေ) ကို (​တေ)၊ (မမ)ကို (တဝ)ဟုပြင်၍ ရွတ်ပါ။

အညွှန်း –

  • အန္တရာယ်ကင်းခြင်း၊ ကျန်းမာခြင်း ဖြစ်​စေရန် သုံးစွဲနိုင်သည်။