သစ္စာလေးပါး

ယေဓမ္မာ ​ဟေတုပ္ပ ဘဝါ၊

​တေသံ ​ဟေတုံ တထာဂ​တော အာဟ၊

​တေသဉ္စ ​ယော နိ​ရော​ဓေါ၊

ဧဝံဝါဒီ မဟာသမ​ဏော။

ဆင်တဲဆရာ​တော် အနက် –

​ယေ ဓမ္မာ – အကြင်ခန္ဓါငါးပါး ​တေဘူမက ဝဋ်တရားတို့သည်၊ ​ဟေတုပ္ပဘဝါ – အ​ကြောင်းဖြစ်​သော သမုဒယသစ္စာလျင် အမွန်အစ ရှိကုန်၏၊ ​တေသံ – ထိုခန္ဓါငါးပါး ​တေဘူမကဝဋ်တရားတို့၏၊ ​ဟေတုံ – အ​ကြောင်းဖြစ်​သော၊ သမုဒယသစ္စာကိုလည်း၊ တထာဂ​တော – မြတ်စွာဘုရားသည်၊ အာဟ – ​ဟော​တော်မူ၏၊ ​တေသဉ္စဓမ္မာနံ – ထိုဒုက္ခသစ္စာ သမုဒယသစ္စာ နှစ်ပါးတို့၏၊ ​ယောနိ​ရော​ဓေါ – အကြင် ချုပ်ငြိမ်းရာဖြစ်​သော နိ​ရောဓသစ္စာ ချုပ်ရာသို့ ​ရောက်​ကြောင်းဖြစ်​သော မဂ္ဂသစ္စာသည်၊ အတ္ထိ – ရှိ၏၊ တဉ္စ – ထို နိ​ရောဓ မဂ္ဂသစ္စာ နှစ်ပါးကိုလည်း၊ တထာဂ​တော – မြတ်စွာဘုရားသည်၊ အာဟ – ​ဟော​တော်မူ၏၊ မဟာသမ​​ဏော – ရဟန်းဖြစ်​တော်မူ​သော မြတ်စွာဘုရားသည်၊ ဧဝံ ဝါဒီ – ဤသို့ ​ဟော​တော်မူ​လေ့ရှိ၏။

အညွှန်း –

  • ပုဂံ အ​နော်ရထာမင်း၏ အုတ်ခွက်ဆင်းတု​တော်တို့တွင် ​ယေ ဓမ္မာ ​ဟေတုပ္ပဘဝါ အစရှိ​သော ဂါထာကို ​ရေးထိုးထား​ကြောင်း ​တွေ့ရသည်။
  • ဝိနည်း မဟာဝါပါဠိ​တော် (​ဝိ၊ ၃၊ ၅၁)