ဗုဒ္ဓ ဝစန ဥဒါန်းကျူး ဂါထာ

၁။ ယဒါ တ​ဝေ ပါတု ဘဝန္တိဓမ္မာ

အာတာပိ​နော ဈာယ​တော ဗြာဟ္မဏဿ၊

အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊

ယ​တော ပဇာနာတိ သ​ဟေတုဓမ္မံ။

၂။ ယဒါ တ​ဝေ ပါတု ဘဝန္တိဓမ္မာ

အာတာပိ​နော ဈာယ​တော ဗြာဟ္မဏဿ၊

အထဿ ကင်္ခါ ဝပယန္တိ သဗ္ဗာ၊

ယ​တော ခယံ ပစ္စယာနံ အ​ဝေဒီ။

၃။ ယဒါ ဟ​ဝေ ပါတု ဘဝန္တိ ဓမ္မာ၊

အာတာပိ​နော ဈာယ​တော ဗြာဟ္မဏဿ၊

ဝိဓူပယံ တိဋ္ဌတိ မာရ​သေနံ၊

သူရိ​ယောဝ ဩဘာသယ မန္တလိက္ခံ။

အနက် –

အာတာပိ​နော – ကိ​လေသာကို ပူပန်​စေတတ်​သော လုံ့လရှိထ​သော၊ ဈာယ​တော – ဈာန်ဝင်စားခြင်း ရှိ​တော်မူထ​သော (ဝါ) လက္ခဏအာရုံ ဈာန်အစုံ ရှိ​တော်မူထ​သော၊ ဗြာဟ္မဏဿ – ရဟန္တာပုဂ္ဂိုလ်အား၊ ယဒါ – အကြင်အခါ၌၊ ဟ​ဝေ – စင်စစ်၊ ဓမ္မာ – သုံးဆယ့်နှစ်ပါး​သော ​ဗောဓိပက္ခိယ တရားတို့သည် (ဝါ) သစ္စာ​လေးပါး တရားတို့သည်၊ ပါတုဘ​ဝန္တိ – ထင်ရှား ဖြစ်ကုန်၏၊ အထ – ထိုသို့ ထင်ရှားဖြစ်​သောအခါ၌၊ ယ​တော ယသ္မာ – အကြင်​ကြောင့်၊ သ​ဟေတုဓမ္မံ – အဝိဇ္ဇာ အစရှိ​သော အ​ကြောင်း သင်္ခါရ အစရှိ​သော အကျိုးနှင့်တကွဖြစ်​သော ပဋိစ္စသမုပ္ပါဒ်တရား​တော်ကို၊ ပဇာနာတိ – အပြားအားဖြင့် သိ၏၊ ယ​တော တသ္မာ – ထို့​ကြောင့်၊ အဿ – ထိုရဟန္တာပုဂ္ဂိုလ်အား၊ သဗ္ဗာ – ခပ်သိမိးကုန်​သော၊ ကင်္ခါ – တစ်ဆယ့်​ခြောက်ပါး​သော ယုံမှားခြင်းတို့သည်၊ ဝပယန္တိ – ဝိအပယန္တိ – ကင်းချုပ်ကုန်၏၊

၂။ ယ​တော ယသ္မာ – အကြင်​ကြောင့်၊ ပစ္စယာနံ – အဝိဇ္ဇာ အစရှိ​သော အ​ကြောင်းတရားတို့၏၊ ခယံ – ကုန်ရာကုန်​ကြောင်းဖြစ်​သော နိဗ္ဗာန်ကို၊ အ​ဝေဒီ – သိပြီ၊ တ​တော တသ္မာ – ခပ်သိမ်းကုန်​သော၊ ကင်္ခါ – တစ်ဆယ့်​ခြောက်ပါး​သော ယုံမှားခြင်းတို့သည်၊ ဝပယန္တိ – ဝိအပယန္တိ – ကင်းချုပ်ကုန်၏။

၃။ အထ – ထိုသို့ ထင်ရှားဖြစ်​သောအခါ၌၊ ​သော -ထိုရဟန္တာပုဂ္ဂိုလ်သည်၊ သူရိ​ယော – ​နေမင်းသည်၊ အန္တလိက္ခံ – ​ကောင်းကင်အပြင်ကို၊ ဩဘာသယံ-ဩဘာသယ​န္တော – မိမိ၏အ​ရောင်ဖြင့် ​ပြောင်​ပြောင်ဝင်းဝင်း၊ ထွန်းလင်း​တောက်ပ​စေလျက် –

တိဋ္ဌတိဣဝ – တည်ဘိသကဲ့သို့၊ မာရ​သေနံ – ဆယ်ပါးအပြားရှိ​သော မာရ်စစ်သည် အ​ပေါင်းကို၊ ဝိဓူပယံ ဝိဓူပယ​န္တော – ပယ်​ဖျောက် ဖျက်ဆီးလျက်၊ တိဋ္ဌတိ – တည်​တော်မူ၏၊

အညွှန်း –

  • ခုဒ္ဒနိကာယ ဥဒါန ပါဠိ၊ နှာ (၇၈.၇၉)
  • ​​ဂေါတမ မြတ်စွာဘုရားရှင် ဘုရားအဖြစ်သို့ ​ရောက်​တော်မူစအခါတွင် ​ရှေးဦးစွာ နှုတ်​တော်မှ ထုတ်​ဖော် ရွတ်ဆို​တော်မူ​သော ဂာထာများဖြစ်၍ ပထမ ဗုဒ္ဓ ဝစန ဥဒါန်းဂါထာ ဟုတွင်သည်။