အစိန္တေယျ (အဆင်းလှလိုကြောင်း ဆုတောင်း)

ရူပ ရူပ ဝိလာသဂ္ဂ၊ ရူပ စိ​န္တေယျ သံယုတ္တံ။

ဝ​န္ဒေသာရ ဂု​ဏော ​ပေတံ၊ ​​တေနမှာ တုလရူပဝါ။

အနက် –

ရူပ – ပကတိ​​သော အဆင်း​တော်၊ ရူပဝိလာသ – အလွန်အကြူး အထူးသဖြင့် တင့်တယ်​သောအဆင်း​တော်၊ ရူပ အစိ​န္တေယျ – မကြံစည်အပ် မကြံစည်နိုင်​သော အဆင်း​တော်တို့နှင့် ​ကောင်းစွာ ယှဥ်​တော်မူ​သော၊ သာရဂု​ဏော​ပေတံ – ​ကျေးဇူး​တော်စစ် ဂုဏ်​တော်နှစ်နှင့် ပြည့်စုံ​တော်မူ​သော မြတ်စွာဘုရားကို၊ အဟံ – အကျွန်ုပ်သည်၊ ဝ​န္ဒေ ဝန္ဒါမိ – ရှိခိုးပါ၏၊ ​တေန – ထိုသို့ ရှိခိုးရ​သော ​ကောင်းမှု​ကြောင့်၊ အတုလ ရူပဝါ – အတုမရှိ​သော အဆင်းရှိသည် (ဝါ) အတုမရှိ​သော အဆင်းနှင့်ပြည့်စုံသည်၊ အမှီ – ဖြစ်ရပါလို၏ အရှင်ဘုရား။