ရတနတ္တယ ဂုဏ ဝဏ္ဏနာ သစ္စ ဂါထာ

၁။ ဘဝ​တောတံ  ဟ​ဝေ ဗု​ဒ္ဓေါ၊ တိ​ဏ္ဏော ​​လောကန္တဂူဝိဒူ၊

ဧ​တေန သစ္စဝ​ဇ္ဇေန၊ ဂမနံ ​မေ သမိဇ္ဈတု။

၂။ ယဒိ သန္တိ ဂ​မော မ​​ဂ္ဂေါ၊ ​မော​က္ခေါ စ အစ္စန္တိကံသုခံ၊

ဧ​တေန သစ္စဝ​ဇ္ဇေန၊ ဂမနံ ​မေ သမိဇ္ဈတု။

၃။ သံ​ဃော ​ဝေ တိဏ္ဏကန္တာ​ရော၊ ပုည​က္ခေ​တ္တော အနုတ္တ​ရော၊

ဧ​တေန သစ္စဝ​ဇ္ဇေန၊ ဂမနံ ​မေ သမိဇ္ဈတု။

အနက် –

၁။ ဗု​ဒ္ဓေါ – သဗ္ဗညု ဗုဒ္ဓ အမည်ရသည့် ​လောကထွတ်ထား မြတ်ဘုရားသည်၊ ဟ​ဝေ – စင်စစ် ဧကန်အမှန်ပင်၊ ဘဝ​သောတံ – ဘဝသုံးသွယ် ​ရေပြင်ကျယ်ကို၊ တိ​ဏ္ဏော – နိဗ္ဗာန်ထုတ်​ချောက် မှာကမ်း​ရောက်​အောင် ကူး​မြောက်​တော် မူ​လေပြီ (ဝါ) ကူး​မြောက်​တော်မူပြီးဖြစ်ရကား၊ ​လောကန္တဂူ – ​လောကဓံ အဆုံးသို့ နှလုံးကြည်ဖြူ ဆိုက်​ရောက်​တော်မူ​လေပြီ၊ ဝိဒူ – ခပ်သိမ်း​သော တရားတို့ကို ပိုင်းခြားထင်ထင် သိမြင်​တော်မူ​လေပြီ။

ဧ​တေန သစ္စဝ​ဇ္ဇေန – ဝစီမင်္ဂလာ ဤသစ္စာစကား​ကြောင့်၊ ​မေ – အကျွန်ုပ်၏၊ ဂမနံ – ယခုခရီးသွားခြင်း ကိစ္စခပင်းသည်၊ သမိဇ္ဈတု – သိဒ္ဓိဝှန်​ထောက် တံခွန်​ဆောက်၍ ပြီး​မြောက်ကုံလုံ ပြည့်စုံပါ​စေသတည်း။ (ဝါ) အန္တရာယ်မ​မှောက် ရန်မ​မှောင့်ပဲ ထ​မြောက်ကုံလုံ ပြည့်စုံပါ​စေသတည်း။

၂။ မ​ဂ္ဂေါ – ​လောကုတ္တရာတရား အရိယာမဂ် ​လေးပါးသည်၊ ယဒိဇာတု – စင်စစ်ဧကန် အမှန်ပင်၊ သန္တိဂ​မော – နိဗ္ဗာန်ထုတ်​ချောက် ​ရောက်​စေနိုင်၏၊ ​မောက္ခါစ – အရိယာမဂ်ဖြင့် ​ရောက်အပ်နိဗ္ဗာန် တရားမြတ်သည်လည်း၊ အစ္စန္တိကံသုခံ – ချမ်းသာစင်စစ် ဧကန်ဖြစ်၏။

ဧ​တေန သစ္စဝ​ဇ္ဇေန – ဝစီမင်္ဂလာ ဤသစ္စာစကား​ကြောင့်၊ ​မေ – အကျွန်ုပ်၏၊ ဂမနံ – ယခုခရီးသွားခြင်း ကိစ္စခပင်းသည်၊ သမိဇ္ဈတု – သိဒ္ဓိဝှန်​ထောက် တံခွန်​ဆောက်၍ ပြီး​မြောက်ကုံလုံ ပြည့်စုံပါ​စေသတည်း။ (ဝါ) အန္တရာယ်မ​မှောက် ရန်မ​မှောင့်ပဲ ထ​မြောက်ကုံလုံ ပြည့်စုံပါ​စေသတည်း။

၃။ သံ​ဃော – ပရမတ္တ အရိယာ သံဃာ​တော်မြတ်သည်၊ ​ဝေ – စင်စစ်ဧကန်အမှန်ပင်၊ တိဏ္ဏကန္တာ​ရော – သံသရာ ခရီးခဲကို အံ့အဲစ​လောက် ဘက်ကမ်း​ရောက်​အောင် ကူး​​မြောက်ပြီး ဖြစ်​တော်မူ​လေသည်၊ အနုတ္တ​ရော – အတုမရှိ လွန်မြတ်ဘိ​သော၊ ပုည​က္ခေ​တ္တော – ​ကောင်းမှုမျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာ​မြေစစ် ပုည​ခေတ်လည်း ဖြစ်ပါ​ပေ၏။

ဧ​တေန သစ္စဝ​ဇ္ဇေန – ဝစီမင်္ဂလာ ဤသစ္စာစကား​ကြောင့်၊ ​မေ – အကျွန်ုပ်၏၊ ဂမနံ – ယခုခရီးသွားခြင်း ကိစ္စခပင်းသည်၊ သမိဇ္ဈတု – သိဒ္ဓိဝှန်​ထောက် တံခွန်​ဆောက်၍ ပြီး​မြောက်ကုံလုံ ပြည့်စုံပါ​စေသတည်း။ (ဝါ) အန္တရာယ်မ​မှောက် ရန်မ​မှောင့်ပဲ ထ​မြောက်ကုံလုံ ပြည့်စုံပါ​စေသတည်း။

အညွှန်း –

  • အပ၊ ၂၊ ၁၂၀
  • မဟာ ကပ္ပိန မင်းကြီး မြတ်စွာဘုရားထံသို့ အသွား ခရီးကြားဝယ် ရွတ်ဆို​သော ဂါထာဖြစ်သည်။
  • အဘိဓဇ မဟာရဋ္ဌဂုရု တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဦးဝိစိတ္တသာရာဘိဝံသ မင်းကွန်းဆရာ​တော် ဘုရားကြီး ခရီးမထွက်မီ သုံးဆယ့်နှစ်​ခေါက် သရဇ္ဈာန်​လေ့ရှိသည်။
  • မဟာဗုဒ္ဓဝင် (ဆဋ္ဌမတွဲ၊ ပထမပိုင်း) မဟာ ကပ္ပိန မ​ထေရ်အ​ကြောင်း၊ နှာ (၅၅၄)
  • မြစ်ကူး ​ချောင်းကူး ခရီးသွားရာတွင် ရွတ်ဆိုရန်ဖြစ်သည်။