၁။ ဘဝေ ဝါ ဟံ ဘယံ ဒိသွာ၊ ဘဝဉ္စ ဝိဘဝေ သိနံ။
ဘဝံ နာဘိဝဒိံ ကိဉ္စိ၊ နန္ဒိဉ္စ နဥပါဒိယိံ။
အနက် –
အဟံ – ငါဘုရားသည်၊ ဘဝေ – ဘဝများစွာ သံသရာ၌၊ ဘယဉ္စ – ဇာတိဒုက္ခ စသည် များတောင်း ဘေးအပေါင်းကို၎င်း၊ ဘဝဉ္စ – ကာမ ရူပ အရူပဟူသော ဘဝသုံးဖြာ သံသရာကို၎င်း၊ ဝိဘဝေသိနဉ္စ – ဘဝကောင်းမည် ရှာကြံစည်လည်း ဆုံလည်နွားမျှ နစ်မိန်းကြသူ သတ္တဝါ ဟူဟူသမျှကို၎င်း၊ ဒိသွာဝေ – ကိုယ်ပိုင်ဉာဏ်ဖြင့် ဟုတ်တိုင်းမှန်ရာ သိမြင်တော်မူသောကြောင့်သာလျှင်၊ ကိဉ္စိ ဘဝံ – သုံးဖြာဘဝ သုံးလောကတွင် တစ်စုံတစ်ခုသော ဘဝကို၊ နာဘိဝဒိံ – တဏှာ ဒိဋ္ဌိ ကပ်ငြိစွဲလမ်း မယူမှန်းပေ၊နန္ဒိဉ္စ – ဘဝသုံးဖြာ တွယ်တာတတ်လှ ဘဝတဏှာ ယုတ်ဓမ္မာကိုလည်း၊ နဥပါဒိယိံ – စွဲလမ်းလွတ်ကင်း အမြစ်ရင်းက အလျှင်းပြတ်စေ ဖြတ်တောက်တော်မူပေသတည်း။
အညွှန်း –
- မဇ္ဈိမနိကာယ် မူလပဏ္ဏာသ ပါဠိတော် ဗြဟ္မနိ မန္တနိကသုတ် (မ၊ ၁၊ ၄၁)
- ဘုရားရှင်နှင့် ဗက ဗြဟ္မာကြီးတို့ တစ်လှည့်စီ ကိုယ်ဖျောက်ကြရာ၊ ဘုရားရှင်က ကိုယ်ကိုဖျောက်ပြလိုက်ရာ နေရာတွင်ပင် ပျောက်သွားလေ၏။ ထိုအခါ ဘုရားရှင်သည် အခြားနေရာများ ကြွသွားလေရော့သလားဟု ထင်မှတ်မည်စိုးသောကြောင့် ရွတ်ပြသော ဂါထာဖြစ်သည်။
- များများရွတ်ပွားပေးပါက ရန်သူမမြင်နိုင်ဟု ကြားဖူးရသည်။