ဣစ္ဆန္တော နဝင်း

၁။ ဘဂဝါ ဣစ္ဆ​န္တော၊

သာသပ ဂ​ဗ္ဘေပိ၊

ဣ​တော စိ​တော စင်္ကမတိ။

၂။ ဘဂဝါ ဣစ္ဆ​​န္တော၊

စက္ကဝါဠ ဂဗ္ဘမှိ၊

ကာ​ယေန ဆာဒယိ။

၃။ ဧ​တေန သစ္စဝ​ဇ္ဇေန၊

သိဒ္ဓိ ​​မေ ဇယမင်္ဂလံ၊

အာယု ​မေ သုခဝဍ္ဎနံ။

မူကွဲ – ဂဗ္ဘမ္မိ။

ဆရာကြီး ဦး​သော်ဇင် အနက် –

ဘဂဝါ – မြတ်စွာဘုရားသည်၊

ဣစ္ဆ​န္တော – အလိုရှိ​တော်မူလျှင်၊

သာသပဂ​ဗ္ဘေပိ – မုန်ညင်း​စေ့ အတွင်း၌​သော်၎င်း၊

ဣ​တော စိ​တော – ဤမှ ထိုမှ၊

စင်္ကမတိ  စင်္ကြန်ကြွသွား​တော် မူနိုင်သည်၊

စက္ကဝါဠဂဗ္ဘမှိ – စကြဝဠာတိုက်ကို ​သော်လည်း၊

ကာ​ယေန – ကိုယ်ဖြင့်၊

ဆာဒယိ – ဖုံးလွှမ်း​တော် မူနိုင်၏၊

ဧ​တေန သစ္စဝ​ဇ္ဇေန – ထိုမှန်​သော သစ္စာစကားကို ဆိုသဖြင့်၊

​မေ – ငါ၏၊

ဇယမင်္ဂလံ – ​အောင်ခြင်း မင်္ဂလာသည်၊

သိဒ္ဓိ – လျှင်စွာပြီး​မြောက် သိဒ္ဓိ​ပေါက်ပါ​စေသတည်း၊

​မေ – ငါ၏၊

အာယု – အသက်သည်၊

သုခဝဍ္ဎနံ – ချမ်းသာစွာ ရှည်ပါ​စေသတည်း။

အညွှန်း –

  • ​ရွှေတိဂုံ ​စေတီ​တော် အထက်ပစ္စယံ အ​ရှေ့ဘက် တဝဂူ ဆု​တောင်းပြည့် ပတ္တမြားမျက်ရှင် မြတ်စွာဘုရား၏ ဓမ္မခဏ်တွင် ​ရေးထား​သော ဂါထာဖြစ်သည်။
  • သီလ​ဆောက်တည်ပြီး (၄၅) ရက်တိတိ တစ်​နေ့လျှင် ပုတီးတစ်ပတ် စိပ်မည်ဟု အဓိဋ္ဌာန်ပြုနိုင်သည်။