ဇိ ဆယ်ချက် ဘုရားရှိခိုး

ဇိနပါပံ ဇိနံ ​သေ​ဋ္ဌော၊

ဇိနပါပံ ဇိနံ ဓ​မ္မော။

ဇိနပါပံ ဇိနံ သံ​ဃော၊

ဇိ​နောရသံ ဇိနံ ဂုရု၊

ဇိနဗီဇံ ဇိနံ ဝ​န္ဒေ။

အနက် –

  • ​သေ​ဋ္ဌော – လူထက်လဲမြတ် နတ်ထက်လဲသာ ဗြဟ္မာက်လွန် ထူးချွန်ဘုန်းဟုန် တန်ခိုး​ကြောင့် သုံးဘုံ​​ကျော်ကြား ​အောင်​တော်မူမြတ်စွာဘုရားသည်၊ ဇိနပါပံ – ​အောင်အအ်လှစွာ လွန်ယုတ်မာသည့် ငါးဖြာမာရ်မင်း ရန်ခပင်းကို၊ ဇိနံ ဇိ​နေ – ​ဗောဓိ​​ညောင်ပင် ​အောင်ပလ္လင်၌ ​အောင်ဘုရင် ဓမ္မရာဇ် ဘုရားဖြစ်၍ စင်စစ်မ​သွေ ​အောင်မြင်​တော်မူခဲ့​လေပြီ။
  • ဓ​မ္မော – မဂ်​လေးတန် ဖိုလ်​လေးတန် နိဗ္ဗာန် ပရိယတ် (၁၀) ပါး​သော တရား​တော်မြတ်သည်၊ဇိနပါပံ – ​အောင်အပ်လှစွာ အဝိဇ္ဇာနှင့် တဏှာ မူလအရင်းစသည့် များလှဗိုလ်ထု ကိ​လေသာစန်သူ အစုစုတို့ကို၊ ဇိနံဇိ​နော – မကျန်မကြွင်း ရန်ခပင်းကို သန့်ရှင်းသုတ်သင် ​အောင်မြင်​တော်မူခဲ့​လေပြီ။
  • သံ​ဃော – မဂ္ဂဋ္ဌာန် ဖလဋ္ဌာန် ရှစ်တန်အရိယာ ပရမတ္ထသံဃာ​တော်အ​ပေါင်းသည်၊ ဇိနပါပံ – ​အောင်အပ်လှစွာ ​ထောင့်ငါးရာဟု ကိ​လေသာဓါတ် ရန်သူတပ်ကို၊ ဇိနံ ဇိ​နေ – အရဟတ္တမဂ် ဉာဏ်လက်နက်ဖြင့် ချိုးဖျက်သုတ်သင် ​အောင်မြင်​တော်မူခဲ့​လေပြီ။
  • ဇိ​နောရသံ (ဇိ​နောရ​သော) – ဗုဒ္ဓရှင်ချစ် ဓမ္နရာဇ်၏ ရင်နှစ်မျက်​ဖျော် မြတ်သား​တော်ဖြစ်​သော၊ ​မေ – အကျွန်ုပ်၏၊ ဂုရု – ​ကျောက်ထီးတန္တု၊ အ​လေးပြုအပ်သည့် ​မေရုဗဟို ​တောင်မြင်းမိုရ်အသွင် ဆရာအရှင်သည်၊ ဇိနံ – ​အောင်သင့်​အောင်ထိုက် သုံးဘုံတိုက်ဝယ် အမိုက်​​ခေါင်ဆုံး ရန်သူ အားလုံးကို၊ ဇိနံ (ဇိ​နော) – ​အောင်မဟိဒ္ဓိ ​အောင်ကိတ္တိဖြင့် သိဒ္ဓိပြီး​မြောက် ​အောင်မြင်ခြင်းသို့ ​ရောက်ခဲ့​လေပြီ။
  • ဇိန ဗီဇံ –  ​အောင်​တော်မူသခင် ဘုရားရှင်၏ သာကီဝင်မျိုးနွယ် တန်ခိုးကြွယ်၍ ကိုးကွယ်ဆည်းကပ် ဂုဏ်မြင့်မြတ်သည့် တင့်အပ်လွှမ်းမိုး မိဘ​ဆွေမျိုး အ​ပေါင်းသည်၊ ဇိနံ – ​အောင်သူတကာ မယှဥ်သာ​အောင် မင်္ဂလာဘိသိက် ​​အောင်တံဆိပ်ဖြင့် ​အောင်ဟိတ်​ခေါင်ချဥ်း ​အောင်သတင်းဖြင့် ​အောင်မြင်ခြင်းသို့ ​ရောက်ခဲ့​လေပြီ။
  • အဟံ – ​အောင်ဖို့မ​နှေး ​အောင်မြင်​ရေးကို ​မြော်​တွေး ရည်​​မျှော် တပည့်​တော်သည်၊ အနန္တဂုဏသမ္ပန္နံ – အနန္တဂုဏ်အင် စုံလင်ပြည့်ဝ​ပေ​သော၊ တံဇိနံ – ထို ဘုရား- တရား- သံဃာ- မိဘ- ဆရာ ​အောင်ဇိနသခင် ​ကျေးဇူးရှင် အန​န္တောအနန္တငါးပါးအ​ပေါင်းကို၊ ဝ​န္ဒေ ဝန္ဒါမိ – ​အောင်ခဲ့တဲ့ တန်ခိုးဂုဏ်ကို အမျ်ုးစုံမှန်းဆပြီး တမ်းတ​မျှော်ကိုး လက်စုံမိုး၍ ရှိခိုးကန်​တော့ပါ၏ဘုရား။

အညွှန်း –

အမ္ဗုန္ဓရ နတ်​စောင့်သည်ဖြစ်၍ ချမ်း​မြေ့သာယာ မင်္ဂလာအကျိုး ပွားတိုး​အောင်​စေနိုင်​သော ​အောင်ဇိန-ဇယသိဒ္ဓိ ဂါထာဖြစ်သည်။