အဘိသေက ဂါထာ

ဇယ​န္တော ​ဗောဓိယာ မူ​လေ၊

သကျာနံ နန္ဒိဝဍ္ဎ​နော၊

ဧဝ ​မေဝ ဇ​ယော ​ဟောတု၊

ဇယဿု ဇယမင်္ဂ​​လေ။

အပရာဇိတပလ္လင်္ကေ၊ သီ​သေ ပုထုဝိပု​က္ခေ​လေ။

အဘိ​သေက သဗ္ဗ ဗုဒ္ဓါနံ၊ အဂ္ဂပ္ပ​တ္တော ပ​မောဒတိ။

အနက် –

  • သကျာနံ – သာကီဝင်မင်းတို့၏၊ နန္ဒိဝဍ္ဎ​နော – အားရနှစ်သက်ခြင်းကို တိုးပွား​စေတတ်​သော မြတ်စွာဘုရားသည်၊ ​ဗောဓိယာ – ​ဗောဓိပင်၏၊ မူ​လေ – အတီးတစ်ခွင် အပရာဇိတပလ္လင်၌၊ ဇယ​န္တော ယထာ – မာရ်ငါးပါးကို ​အောင်မြင်​တော်မူသကဲ့သို့၊ ဧဝ ​မေဝ – ဤအတူသာလျှင်၊(​တေ – သင့်အား) ဇ​ယော – ​ဘေးရန်ခပင်း ​အောင်မြင်ခြင်းသည်၊ ​ဟောတု – ဖြစ်ပါ​စေသတည်း။ တွံ – သင်သည်၊ ဇယ မင်္ဂ​လေ – ​အောင်ရာ​အောင်​ကြောင်း ​ကောင်းမြတ်​သော မင်္ဂလာတို့ကို၊ ဇယဿု – ခရီး​ရောက်​အောင် ပြီး​မြောက်လျှင်လျှင် ​အောင်မြင်ပါ​စေသတည်း။
  • သဗ္ဗဗုဒ္ဓါနံ – အလုံးစုံ​သော မြတ်စွာဘုရားတို့၏၊ ​အဘိ​သေက – ဗုဒ္ဓါဘိ​သေက ခံယူရာဌာနဖြစ်​သော၊ အပရာဇိတပလ္လင်္ကေ – အပရာဇိတမည်တွင် ပလ္လင်​တော်၌၊ အဂ္ဂပ​တ္တော – ထွဋ်ဖျားတိုင်​မြောက်၊ ဘုရားအဖြစ်သို့ ​ရောက်​တော်မူ​သောရှင်​တော်မြတ်သည်၊ ပ​မောဒတိ – အလွန်ရွှင်လန်း ဝမ်း​မြောက်​တော်မူရ​ပေသည်။
  • ဧဝ ​မေဝ – ဤအတူပင်၊ တွံ – သင်သည်၊ အဂ္ဂပ္ပ​တ္တော – အထက်တန်းသို့ တက်လှမ်း​ပေါက်​ရောက်သည်ဖြစ်၍၊ ပ​မောဒဿု – ဝမ်း​မြောက်ပါ​စေသတည်း။)

အညွှန်း –

  • ပုဗ္ဗဏှသုတ် ​ကောက်နုတ်ချက်ဖြစ်သည်။
  • နံနက်အိပ်ရာထ ဘုရားရှိခိုးပြီး​နောက် ရွတ်ဆိုသင့်ပါသည်။
  • ရာသက်ပန် စွဲမြဲစွာ ရွတ်ဆိုသင့်ပါသည်။​
  • ​ဘေးရန်ခပ်သိမ်း ​အောင်မြင်နိုင်​ပါသည်။
  • အထက်တန်းသို့ ​ရောက်​စေနိုင်​သည်။