မာရဝိဇယ ပဒုမာ ဂါထာ

ဇိနာတိ မာရာရိ ဇိ​နော ဒယာလ​ယော၊

ဇိနုတ္တ ဓ​မ္မောစ ဇိ​​နေန ပူဇိ​တော။

ဇိ​နောရ​သော နန္တ ဇိနပ္ပ သံသိ​တော၊

ဇိနာဒ​ယော ​တေရိ ဇိ​တေ နမာ မဟံ။

အနက် –

ဒယာလ​ယော – မဟာကရုဏာ၏ တည်ရာဖြစ်​တော်မူထ​သော၊ ဇိ​နော – ဘုရားမြတ်စွာသည်၊ မာရာရိ – ​ဒေဝ ပုတ္တ စ​သော မာရ် ဆသတ္တာရ စ​သော ရန်တို့ကို၊ ဇိနာတိ – ​အောင်​တော်မူ၏၊ ဇိနုတ္တ ဓ​မ္မောစ – ဘုရားမြတ်စွာ ​ဟော​တော်မူ​သော တရား​တော်ကိုလည်း၊ ဇိ​နေန – ဘုရားမြတ်စွာသည်၊ ပူဇိ​တော – ပူ​ဇော်​တော်မူအပ်၏၊ ဇိ​နော ရ​သော – ဘုရားမြတ်စွာ၏ သား​တော်ဖြစ်​သော အရိယာပုဂ္ဂိုလ် အ​ပေါင်းကိုလည်း၊ အနန္တဇိနပ္ပသံသိ​တော – အတိုင်းမသိ​သော ​ကျေးဇူး​တော်ရှိ​သော မြတ်စွာဘုရားသည် ချီးမွမ်း​တော်မူအပ်၏၊ အရိဇိ​တေ – ရန်သူတို့ကို ​အောင်​ကုန်ပြီး​သော၊ ​တေ​ဇိနာဒ​ယော – ထိုဘုရားစသည်တို့ကို၊ အဟံ – ငါသည်၊ နမာမိ – ရှိခိုးပါ၏။

အညွှန်း –

  • တိုက်တိုင်း​အောင် ဂါထာဟု​ခေါ်သည်။
  • ဘုရင့်​နောင် ​ကျော်ထင်​နော်ရထာသည် သမိန်​ထောရာမနှင့် တိုက်ဆဲခိုက်ဆဲတွင် အမြဲမပြတ် ရွတ်ဖတိသရဇ္ဈာယ်သည့်အတွက် စစ်မက်​အောင်ဖူးသည် ဟူ၍ ​ရှေးစာ​ဟောင်းတွင် ​တွေ့ရသည်။