ရွှေတိဂုံစေတီထီးတော် ကြေးစလောင်းရှိ ဂါထာတော်များ(လက်နက်ဘေးကင်း)

၁။ ​သြောင်း – ဇိ​နော အဘဇ္ဇကာ ​ယောပိ၊

နတ္ထိ ​လောဟိတ သူဒနံ။

တ​ဒေဝ ဝစနံ သစ္စံ၊

ဝ​န္ဒေ တံ ​လောကနာယကံ။

​တေန သ​စ္စေန ပု​ညေန၊

​ဟောတု ​မေ ဇယမင်္ဂလံ။

၂။​သြောင်း – တိ​ဋ္ဌေယျ အန္တ ဝဿမှီ၊

ဇယုဿ ​ဝေါ သမာပ​န္နော။

တ​ဒေဝ ဝစနံ သစ္စံ၊

ဝ​န္ဒေ တံ ​လောကနာယကံ။

​တေန သ​စ္စေန ပု​ညေန၊

​ဟောတု ​မေ ဇယမင်္ဂလံ။

၃။ ဥုံ – ဗုဒ္ဓါနံ ဇီဝိတဿ နသက္ကာ၊

​ကေနစိ အန္တရာ​ယော ကာတုံ။

တ​ဒေဝ ဝစနံ သစ္စံ၊

ဝ​န္ဒေ တံ ​လောကနာယကံ။

​တေန သ​စ္စေန ပု​ညေန၊

​ဟောတု ​မေ ဇယမင်္ဂလံ။

အနက် –

၁။ ဇိ​နော – ငါးပါးမာရ်မင်း ရန်ခပင်းတို့ကို ပယ်ရှင်း​အောင်မြင် ဘုရားရှင်သည်၊ အဘဇ္ဇကာ​ယောပိ – စိန်တုံး၊ စိန်တိုင်၊ စိန်ဆိုင်၊ စိန်ခဲကဲ့သို့ မကွဲမအက် တစ်ခဲနက်ဖြင့် မပျက်စီးနိုင်​သော ကိုယ်​တော် ရှိ​တော်မူသည်သာလျှင်တည်း။ ​လောဟိတ သူဒနံ – သူတစ်ပါး လက်နက် ​ဘေးဒဏ်ချက်​ကြောင့် ​သွေးထွက်ယိုစီးခြင်းသည်၊ နတ္ထိ – ဘယ်ခါကာလ ဘယ်ခါမျှ မရှိခဲ့ပါ​ပေ။ တ​ဒေဝ ဝစနံ – ပြဆိုခဲ့ငြား ထိုစကားသည်သာလျှင်၊ သစ္စံ – မလွဲ ဧကန် အမှန်စင်စစ် ဖြစ်ပါ​​ပေ၏၊ တံ​လောက နာယကံ – လူထက်လည်းမြတ် နတ်ထက်လဲသာ ဗြဟ္မာထက်လွန် ထူးချွန်ဘုန်းဟုန် တန်ခိုးဂုဏ်​ကြောင့် သုံးဘုံ​ကျော်ကြား တန်ခိုးဂုဏ်တို့​ကြောင့် သုံးဘုံ​ကျော်ကြား ထိုရှင်​တော်မြတ်ဘုရားကို၊ အဟံ – ​အောင်ဖို့စိတ်ကြံ ​အောင်ဓိဋ္ဌာန်ဖြင့် ​အောင်နိဗ္ဗာန်ရည်​မျော် ဘုရားတပည့်​တော်သည်၊ ဝ​န္ဒေ (ဝန္ဒါမိ) – စို​သေမြတ်နိုး လက်စုံမိုးကာ ရှိခိုးကန်​တော့ပါ၏၊ ​တေန သ​စ္စေန – ထိုသို့နှုတ်သံ ​ဖော်ထုတ်ပြန်၍ ဟုတ်မှန်​​သော ဝစီသစ္စာစကား​ကြောင့်၎င်း၊ ​တေန ပု​ညေန စ – ထိုသို့ပြုရ ကုသလရှိန်​ဇော် အာနု​ဘော်​ကြောင့်၎င်း၊ ​မေ – ​အောင်ဖို့မ​နှေး ​အောင်ဖို့​ရေးကို ​မြော်​တွေးရည်​မျော် တပည့်​တော်အား၊ ဇယမင်္ဂလံ – အန္တရာယ်ခပင်း ရန်စွယ်ရှင်း၍ ​အောင်ခြင်းယှဥ်ကာ ​အောင်မြင်ခြင်း မင်္ဂလာသည်၊ ​​​ဟောတု – ဖြသ်ပါ​စေသတည်း။

၂။ ​သြောင်း – သိဒ္ဓိမင်္ဂလာ ​ဝေဆာဖွံ့ဖြိုး ​ကောင်းကျိုးလျှမ်း​တောက် ချမ်းသာ​ရောက်​အောင် မျက်​မှောက်ထင်ထင် ​အောင်မြင်ပါ​​စေသတည်း၊ သမာပ​န္နော – ​နေ့စဥ်မပြတ် အရဟတ္တဖိုလ် သမာပတ်ကို ဝင်စား​တော် မူနိုင်​ပေထ​သော၊ ဇယုဿ​ဝေါ – အတွင်းအပြင် ​ဘေးရန်စင်၍ ​အောင်နြင်ထူးကဲ ​အောင်ပွဲမှူး ဥက္ကဋ္ဌ် ဘုရားရှင်​တော်မြတ်သည်၊ အန္တဝဿမှိ – ဝါ​လေးဆယ့်ငါး သက်ကားရှစ်ဆယ် ပြည့်ကြွယ်တွက်စစ် ခုနှစ်ကာလ အဆုံးကျ​​အောင်၊ အန္တရာ​ယော – ​ဘေးဒဏ်ရန်စွယ် အန္တရာယ်မရှိပါပဲလျှက်၊ တိ​ဋ္ဌေယျ – ဥပ​စ္ဆေဒက မရဏ​ဘေး ကင်း​ဝေးတည်ရှိ နိုင်ပါ​ပေ၏။(ကျန်အားလုံး တူပြီ။)

၃။ ဥုံ – ရတနာတြိ စွမ်းသတ္တိ​ကြောင့် သိဒ္ဓိမင်္ဂလာ ​ဝေးဆာဖွံ့ဖြိုး ​ကောင်းကျိုးပြီး​မြောက် ခရီး​ရောက် ​အောင်မြင်ပါ​စေ​​သော်၊ ဗုဒ္ဓါနံ – အရဟံတစ်ဆူ သယမ္ဘူဟု ဆူဆူများဖြင့် ဘုရားရှင်တို့၏၊ ဇီဝိတဿ – ဇီဝိတိ​န္ဒြေ ​ခေါ် အသက်၏၊ အန္တရာ​ယော – ​သေရာ ​သေ​ကြောင်း မ​ကောင်း​သောရန်စွယ် အန္တရာယ်ကို၊ ​ကေနစိ – ဗြဟ္မာ နတ် လူ ဘယ်သူတစ်​ယောက်မျှ၊ ကာတုံ – မလိုမုန်းထား အမျက်မာန်ပွားကာ ကြိုးစားပြုလုပ်ခြင်းငှာ၊ န သက္ကာ – ဘုရားရှင် ​မေတ္တာတန်ခိုး​ကြောင့် မစွမ်းရိုးဧကန် အမှန်သာလျှင်တည်း။(ကျန်အားလုံး တူပြီ။)

အညွှန်း –

  • လက်နက်​ဘေးမှ ကင်း​ဝေး​စေနိုင်သည်။
  • ယုံကြည်စွာ ထုံ​နေ​​အောင် ရွတ်ဆိုပါက ဥပ​စ္ဆေဒက မရဏ ကင်းလွတ်နိုင်သည်။