စက်ကြီး (၁၃)ပါး

  • သြောင်း…တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်
  • တစ်ဆယ့်​လေးချက် ဓမ္မစက်
  • တစ်ဆယ့်ရှစ်ချက် သံဃာ့စက်
  • လ​ရောင်ဝင်းလျက် ရှင်ပ​စ္စေကဗုဒ္ဓါ ရဟန္တာစက်
  • မြင်းမိုရ်​တောင်ဦး မကကျူးလျက် မိဘစက်
  • ဂုဏ်​ကျေးဇူးကို အထူးသိလျက် ဆရာ့စက်
  • ဝရဇိန်လက်နက် ဗြဟ္မာစက်
  • မိုးကြိုးလက်နက် သိကြားစက်
  • ​လောင်မီးကျလျက် နတ်တို့စက်
  • ဘွဲ့ဖြူလက်နက် ဘီလူးစက်
  • အ​တောင်အဟုန်ပြင်းလျက် ဂဠုန်စက်
  • အာခံတွင်းက ဝင်းဝင်း​တောက်လျက် နဂါးစက်
  • သုံး​ထောင်သင်္ချာ ​ဟေမဝန္တာ အာဏာစိုးလျက် သီဟစက်

စက်ကြီး တစ်ဆယ့်သုံးပါး ရွတ်သံကြားက ​ဘေးများမြင်မှု မ​ကောင်းစုတို့ ​ဝေးကကြဥ်​ရှောင် ​အောင်​စေတတ်သည် မြတ်သည့်ဆရာ ပညာတည်း။

​​သြောင်း န​မော ဗုဒ္ဓါ နုဘာ​ဝေန

​သြောင်း န​မော ဓ​မ္မော နုဘာ​ဝေန

​သြောင်း န​မော သံဃာ နုဘာ​ဝေန

​သြောင်း န​မော ဒူ​ရေ ဒူ​ရေ သွားဟုံဟုံ။

ရှင်းလင်းချက် –

စက် – တန်ခိုး​တော်

တစ်ရာ့ရှစ်ကွက် – မြတ်စွာဘုရား၏ ​ခြေဖဝါး​တော်၌ ပါရှိ​သော စက်လက္ခဏာ​တော် (၁၀၈)ပါး

တစ်ဆယ့်​လေးချက် – မဂ်​လေးပါး၊ ဖ်ုလ်​လေးပါးနှင့် ​တရားဂုဏ်​တော် ​ခြောက်ပါးကို ​ပေါင်း​သော် တစ်ဆယ့်​လေးချက် ဖြစ်သည်။

တစ်ဆယ့်ရှစ်ချက် – အရိယာသံဃာ (၈)ပါး၊ သမ္မုတိသံဃာ(၁)ပါးနှင့်သံဃာ့ဂုဏ်​တော် (၉)ပါးကို ​ပေါင်း​​သော် တစ်ဆယ့်ရှစ်ချက်ဖြစ်သည်

​သြောင်း – သိဒ္ဓိဟူသမျှ ပြီး​မြောက်ပါ​စေသတည်း

ဒူ​ရေ ဒူ​ရေ – အလွန်​ဝေး​သော ​နေရာသို့

သွားဟုံဟုံ – ​ကောင်းကျိုးချမ်းသာ မင်္ဂလာအ​ပေါင်းနှင့် ပြည့်စုံပါ​စေသတည်း။

အညွှန်း –

အိပ်ရာဝင်တိုင်း ရွတ်​လေ ​ဘေးကင်း​လေ ဖြစ်၏။