အောင်ဂါထာ

စက္ခုမာ စရ မာစိ​ဏ္ဏော

ဓမ္မညူ ဓမ္မ သာမိ​ကော။

ဗလူ​ပေ​တော ဗလဒ​ဠှော

ဝရ​ဒေါ ​ဒေတု ​မေ ဝရံ။

အနက် –

စက္ခုမာ – ​လောကသုံးခွင် ဘုံအပြင်ဝယ် ကုန်စင်ခပင်း မကျန်ကြွင်း​အောင် လင်းလင်းထင်​ပေါ် သိမြင်​တော်မူ​ပေထ​သော၊ စရမာ စိ​ဏ္ဏော – သီလ သမာ ပညာစသား ကျင့်တရားတို့ကို မနားမ​နေ ပရိ​ယေဖြင့် ဘဝ​နေပွား လုံ့လထား၍ ကြိုးစား​တော်မူ​ပေထ​သော၊ ဓမ္မညူ – ​လောကုတ် ​လောကီ နှစ်လီနှစ်ဝ မြတ်ဓမ္မကို ကျနကုန်စင် သိမြင်​တော်မူ​ပေထ​သော၊ ဓမ္မသာမိ​ကော – ​သောင်းထိုက်ဗိုလ်​ခြေ များ​ဝေ​နေတို့၏ ကိုးကွယ်ရာအစစ် ဓမ္မရာဇ်တစ်ဆူ သယမ္ဘူ မှန်ကင်း တရားမင်းကြီး ဖြစ်​တော်မူ​ပေထ​သော၊ ဗလူ​ပေ​တော – ကား ဉာဏ နှစ်မည်ရလျှက် ဗလနှစ်သွယ် အံ့ဩဖွယ်ဟု ကြီးကျယ်ခမ်းနား စွမ်းပကားဖြင့် ဆယ်ပါး​သော အား​တော်ရှိ​တော် မူ​ပေထ​သော၊ ဗလဒ​​​ဠှော – မြင့်မိုရ်​မေရု နှိုင်းတုမမှီ ဂုဏ်ရည်ထက်သန် မြဲမြံ ခိုင်ခံ့ တည်တံ့​သော သမာဓိအား​တော်လည်း စှိ​တော်မူ​ပေထ​သော၊ ဝရ​ဒေါ – လတ်တ​လော လက်ငင်း ချက်ချင်းခဏ ချမ်းသာရ​အောင် မုချထင်လင်း ဆင်းရဲကင်း၍ လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ထက် ဗလဆတက် လွန်ကြူးနိ​ဗ္ဗာန်တည်းဟူ​သော ဆုထူးဆုမြတ်ကြီးလည်း ​ပေးသနား​တော် မူနိုင်​ပေထ​သော၊ ဗု​ဒ္ဓေါ – ဒုက္ခ သမုဒယ နိ​ရောဓနှင့် မဂ္ဂသညာ ​လေးသစ္စာကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် အမှန်ထိထိ မိမိအလိုလို ကိုယ်တုင်သာဘျှင် သိမြင်​တော်မူ​ပေထ​သော သုံးလူ့ထွဋ်တင် ဘုရားရှင် ကိုယ်​တော်မြတ်ကြီးသည်၊ ​မေ – ခန္ဓါငါးဝ ရုပ်နာမ်ဓမ္မတည်းဟူ​သော အနိစ္စ ဒုက္ခ အနတ္တ တရားအစုမျှသာဖြစ်သည့် တပည့်​တော်အား၊ ဝရံ – ​အောင်​ဘေရီ​ဆော် ​အောင်​မောင်း​ကျော်၍ ​အောင်​တော်မူမြဲ ​အောင်စစ်ပွဲ၌ ​အောင်မြဲမင်္ဂလာ ​အောင်ရတနာဖြင့် ​အောင်ချမ်းသာဟူသမျှ ​အောင်သုခကို၊ ​ဒေတု – သားရာဟုလာ ကဲ့ပမာသို့ ကရုဏာပွားများ ​မေတ္တာထား၍ ကယ်မ​ပေးသနား​တော်မူလှည့်ပါ အသ​ရေမဆုံးနိုင်တဲ့ ​ရွှေဘုန်းရှင်​တော် အရှင်မြတ်ကြီးဘုရား။

အညွှန်း –

  • ​ရွှေတိဂုံဘုရား ထီး​တော် ​ကြေးစ​လောင်းတွင် ​ရေးထွင်းထားသည့် ​အောင်ဆု​တောင်း ဂါထာ​တော်ဖြစ်သည်။
  • ​ရှေးမြန်မာကြီးများ ရွတ်ဆို​လေ့ရှိကြ​ကြောင်း ကြားသိရသည်။