အတုမဲ့ သံဃာ့ရတနာ

ခီဏံ ပုရာဏံ န ဝ နတ္ထိသမ္ဘဝံ၊

ဝိရတ္တစိတ္တာ၊ ယတိ​ကေ ဘဝသ္မိံ။

ဧတ ခီဏဗီဇာ အဝိရူဠှိဆန္ဒါ၊

နိဗ္ဗန္တိ ဓိရာ ယထာယံ ပဒီ​ပေါ။

ဣဒမ္ပိ သံ​ဃေ ရတနံ ပဏီတံ၊

ဧ​တေန သ​စ္စေန သုဝတ္ထိ ​ဟောတု။

အနက် –

(​ယေသံဓီဏာသဝါနံ – အကြင် ရဟန္တာအရှင်မြတ်တို့အား၊)

ပုရာဏံ – ​ရှေးကံ​ဟောင်းစု ကုသိုလ် အကုသိုလ်သည်၊ ခီဏံ – သတ္တိကင်း​ချေ ကုန်​ပျောက်ခဲ့ရ​ပေပြီ၊ နဝံ – အသစ်ဖြစ်​သော ကံသာ်လည်း၊ နတ္ထိ သမ္ဘဝံ – ထင်ရှားဖြစ်​ပေါ်​စေခြင်း အလျှင်းမရှိ​တော့​​ပေ။ အာယတိ ဧကဘဝသ္မိံ – ​နောင်ဖြစ်ရမည့် ဘဝသစ်၌၊ ဝိရတ္တစိတ္တာ – တွယ်တာမက်​မောခြင်းကင်း​သော စိတ်ရှိ​တော်မူကြကုန်၏။ ​တေ ခီ ဏာ သဝါ – ထိုရဟန္တာအရှင်မြတ်တို့သည်၊ ခီဏဗီဇာ – ကုန်ပြီး​သော ပဋိသ​န္ဓေမျိုး​စေ့ ရှိကြကုန်၏။ အဝိရူဠှိဆန္ဒါ – ဘဝဆက်တည် စည်ပင်​ရေးဝယ် တွယ်တာ​သောဆန္ဒ ရှိ​တော်မမူကြကုန်။ အ ယံ ပဒီ​ပေါ – ဤဆီမီးသည် နိဗ္ဗာတိ ယထာ – ငြိမ်း​လေဘိသကဲ့သို့၊ ဓီရာ – ပညာရှိအစစ် ဖြစ်​တော်မူကြကုန်​သော၊ ​တေ ခီဏာဘဝါ – ထိုရဟန္တာအရှင်မြတ်တို့သည်၊ နိဗ္ဗန္တိ – သံသရာစက်ရဟတ် အဆက်ပြတ်၍ ဇာတ်စုံရုပ်သိမ်း ချုပ်ငြိမ်း​တော်မူကြ​လေကုန်၏။ သံ​ဃေ – ရဟန္တာသံဃာ​တော်၌၊ ဣဒမ္ပိရတနံ – ဤရတနာ၏အဖြစ် နှစ်သက်ဖွယ်ဂုဏ်ရည်သည်လည်း၊ ပဏီတံ – ထူးမြတ်လှပါ​ပေ၏။

ဧ​​တေန သ​စ္စေန – ဤသစ္စာစကား​ကြောင့်၊ သုဝတ္တိ ​ဟောတု – သတ္တဝါ​တွေ ချမ်းသာကြပါ​စေသတည်း။

အညွှန်း –

  • ရတနသုတ်လာ ဂါထာဖြစ်သည်။
  • ​ရေမန်းအဖြစ် သုံးနိုင်သည်။
  • ငတ်မွတ်​ခေါင်းပါးမှု​ဘေး၊ အနာ​ရောဂါ​ဘေး၊ သားရဲဘီလူး​ဘေး တည်းဟူ​သော ​​ဘေးကြီးသုံးပါးမှ ကင်းလွတ်နိုင်သည်။