အတုမဲ့ ဓမ္မရတနာ

မယံ ဝိရာဂံ အမတံ ပဏီတံ၊

ယဒဇ္ဈဂါ၊ သကျမုနီ သမာဟိ​တော။

န​တေန ဓ​မ္မေန သမတ္တိ ကိဉ္စိ၊

ဣဒမ္ပိ ဓ​မ္မေ ရတနံ ပဏီတံ၊

ဧ​တေန သ​စ္စေန သုဝတ္တိ ​ဟောတု။

အနက်(မဟာ ဂန္ဓါရုံ အရှင်ဇနကာဘိဝံသ) –

(သန္တံ – ဖြစ်ပျက်မစပ် အငြိမ်းဓါတ်ဖြင့် မပြတ်ပုံ​သေ ​အေးမြ​ပေထ​သော) မယံ – ရုပ်နာမ်ဆူဆူ အပူခပ်သိမ်း ကုန်ငြိမ်း​ကြောင်းလည်း ဖြစ်​ပေထ​သော၊ ဝိရာဂံ – ရုပ်နာမ်အဆက် အကုန်ပျက်သဖြင့် မတပ်မက်​​ကြောင်းလည်း ဖြစ်​ပေထ​သော၊ အမတံ – ဇရာ မရဏ ရှာမရ​အောင် ကာလပုံ​သေ အမြု​တေလည်း ဖြစ်​ပေထ​သော၊ ပဏီတံ – အရသာစှိ စားဖွယ်၏သို့ သိ၍မဝ မွန်မြတ်​ပေထ​သော၊ ယံဓမ္မံ – အသင်္ခတ နိဗ္ဗာနံ ဓါတ် အကြင်တရား​တော်မြတ်ကို၊ သမာဟိ​တော – ဘာဝနာ ကမဋ္ဌာန်း လွန်ကြိုးပမ်းသဖြင့် စိတ်စွမ်းတည်ဘိ သမာဓိရှိ​တော်မူ​သော၊ သကျမုနီ – သာကီနွယ်ဖွား ငါတို့ဘုရားသည်၊ အဇ္ဈဂါ – ​ဗောဓိ​အောင်​မြေ ပလ္လင်​ဗွေ၌ ​လေး​ထွေသစ္စာ သိ​သောခါဝယ် ​ကောင်းစွာလှလှ ရ​တော်မူခဲ့​လေပြီ။

​တေန ဓ​မ္မေန – သင်္ခတ နိဗ္ဗာနဓါတ် ထိုတရား​တော်မြတ်နှင့်၊ တမံ – တနးတူထား၍ ရှုစား​လောက်​သော၊ ကိဉ္စိ – တမျိုးတခြား တရားဆိုင်ရာ တစ်စုံတစ်ခု​သော ရတနာသည်၊ နအတ္ထိ – လူ့ဘုံ နတ်​ရောက် အကုန်​ပေါက်​အောင် ​မွှေ​နှောက်ရှာ​ဖွေ မရှိပါ​​ချေ၊  ဓ​မ္နေ အသင်္ခတ – နိဗ္ဗာနဓါတ် တရားမြတ်၌၊ ပဏီတံ – တရားများစွာ ရတနာထက် ကဲသာမြတ်မွန် တုဘက်လွန်​သော၊ ဣဒမ္ဗိရတနံ – ရတနာဖြစ်​ကြောင်း ​ကောင်းထက်​ကောင်းသည့် ဂုဏ်​ပေါင်းကိုခြုံ၊ ဤခယဝိရာဂ စ​သော ဂုဏ်​တော်သည်၊ အတ္ထိ – စင်စစ်ဧကန် အမှန်မ​သွေ ရှိပါ​ပေ၏။ ဧ​သေန သ​စ္စေန – မှန်ကန်လှစွာ ဤဝစီ သစ္စာ​ကြောင့်၊ ပါဏီနံ – ​ဘေးရန်ခပ်သိမ်း ​အေးငြိမ်းကြလို များလူဗိုလ်တို့အား၊ သုဝတ္တိ – တင့်တယ်ဖို့ရန် အတန်တန်ဖြင့် ​ဘေးရန်ခပ်သိမ်း ​အေးငြိမ်းခြင်းသည်၊ ​ဟောတု – စင်စစ်မ​သွေ ဖြစ်ပါ​စေသတည်း။

အညွှန်း –

  • ရတနသုတ်လာ ဂါထာဖြစ်သည်။
  • ​ရေမန်းအဖြစ် အသုံးပြုနိုင်သည်။