ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန် မြတ်စွာဘုရား သင်းကျစ်တော် ဂါထာ

သြောင်း-ကာသပစ္ဆာယ ဥပသိမာ၊

မမ ​မောလိ ဧဟိ ဧဟိ ဗုဒ္ဓံ ဝါ ဓမ္မံ ဝါ သံဃံ ဝါ

သ​ဂ္ဂေသု ဝါ ဟုရံ ဝါ။

အနက် –

သ​ဂ္ဂေသုဝါ – နတ်ပြည်၊ ဗြဟ္မာပြည်တို့၌၎င်း၊ ဟုရံဝါ – လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည် စသည်တို့၌၎င်း၊ ယံကိဉ္စိ – ကြွင်းမဲ့ဥဿုံ ကုန်​အောင်စုံ​သော၊ ယံရတနံ – အကြင်ရတနာသည်၊ ပဏီတံ – မွန်မြတ်၏၊ တံရတနံ – ထိုရတနာသည်၊ ​ယေန – အကြင် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာနှင့်၊ သမံ – တူသည်၊ နတ္ထိ – မရှိ၊ တံ ဗုဒ္ဓံ ဝါ – ထိုဘုရား ရတနာသည်၎င်း၊ တံ ဓမ္မ ဝါ – ထိုတရားရတနာသည်၎င်း၊ တံ သံဃံ ဝါ – ထိုသံဃာရတနာသည်၎င်း၊ မမ – အကျွန်ုပ်၏၊ ​မောလိ – မြင့်မြတ်​သော ဦး​ခေါင်းထက်သို့၊ ကာသ ပစ္ဆာယ – ပွင့်လင်း​သော အ​ရောင်အဝါဖြင့်၊ ဥပသိမာ ဥပသိမာယ – နှိပ်စက်တတ်​သော ​ဘေးရန်အ​ပေါင်းကို ငြိမ်း​အေး​စေခြင်းငှာ၊ ​သြောင်း – မြင့်မြတ်​သောမင်္ဂလာဖြင့်၊ ဧဟိ ဧဟိ – မဆိုင်းမတွ လျှင်မြန်စွာ ကြွ​တော်မူပါ အရှင်ဘုရား။

အညွှန်း – ​ဘေးအန္တရာယ် ကင်း​ဝေး​စေသည်။