ကပ္ပါလင်္ကာရ ကျမ်းဦးဂါထာ

ကရာက​ရော တမံ​မောဟံ၊

ပ​ဗော​ဓေသိ ဇနမ္ဗုဇံ။

ဓ​ပေတွာ ဓမ္မရံသီဟိ၊

ဝရံ​သော ​ဒေတု ​မေ ဖလံ။

အနက် –  ​ယော ကရာက​ရော – အကြင် ​ရောင်ခြည်​တော်​ခြောက်ပါး၏တည်ရာ မြတ်စွာဘုရားတည်းဟူ​သော ​နေမင်းသည်၊ တမံ ​မောဟံ – အဝိဇ္ဇာတည်းဟူ​သော ​မှောင်အမိုက်ကို၊ ဓမ္မရံသီဟိ – တရားဓမ္မတည်းဟူ​သော ​ရောင်ခြည်​တော်တို့ဖြင့်၊ ဓ​ပေတွာ – ထွန်းလင်း​စေ၍၊ ဇနမ္ဗုဇံ – ကျွတ်ထိုက်​သောသူ သတ္တဝါဟူ​သောကြာကို၊ ပ​ဗော​ဓေသိ – သစ္စာ​လေးဆင့် ငုံအာရင့်၍ ပွင့်​စေ​တော်မူပြီ၊ ​သောကရာက​ရော – ထို​ရောင်ခြည်​တော်​ခြောက်ပါး တည်ရာမြတ်စွာဘုရား တည်းဟူ​သော ရှင်​နေမင်းသည်၊ ​မေ – အကျွန်ုပ်အား၊ ဝရံ – မြတ်​သော၊ ဖလံ – ​ကောင်းကျိုးချမ်းသာ မင်္ဂလာဆုကို၊ ​ဒေတု – ​ပေး​တော်မူပါ​စေသတည်း။

အညွှန်း –

  • ​ကောင်းကျိုးချမ်းသာ မင်္ဂလာဆုကို ​တောင်း​သောဂါထာဖြစ်သည်။