ခရီးသွား အန္တရာယ်ကင်း ဂါထာ

ကတာ ​မေ ရက္ခါ၊ ကတံ ​​မေ ပရိတ္တံ၊

ပဋိက္ကမန္တု ဘူတာနိ။

​သောဟံ န​မော ဘဂဝ​တော၊

န​မော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။

အနက် –

​မေ – ငါသည်၊ ရက္ခါ – အကာအကွယ် အ​စောင့်အ​ရှောက်ကို၊ ကတာ – ပြုအပ်ပြီး​ပေပြီ။ ​မေ – ငါသည်၊ ပရိတ္တံ – အရံအတားကို၊ ကတာ – ပြုခဲ့ပြီး​ပေပြီ။ ဘူတာနိ – အန္တရား်ပြုတတ်​သော သတ္တဝါတို့သည်၊ ပဋိက္ကမန္တု –  ဖဲခွာ​ရှောင်ရှားကြကုန်​လော့။ ​သောဟံ – ထိုငါသည်၊ ဘဂဝ​တော – ပရိနိဗ္ဗာန် ဝင်စံခဲ့ကြ ​ရှေးဘုရားမှန်သမျှအား၊ န​မော – ရှိခိုးခြင်းကို (က​ရောမိ – ပြုလုပ်ပါ၏) သတ္တန္နံ – ခုနှစ်ဆူကုန်​သော၊ သမ္မာ သမ္ဗုဒ္ဓါနံ – ဝိပဿီ အစရှိ​သော ဘုရားရှင်တို့အား၊ န​မော – ရှိခိုးခြင်းကို (က​ရောမိ – ပြုလုပ်ပါ၏)။

အညွှန်း –

  • ခန္ဓသုတ်ပရိတ်​တော်လာ ဂါထာဖြစ်သည်။

​မြွေ၊ ကင်း စသည့် အဆိပ်ရှိ​သော သတ္တဝါ ​ပေါများ​သောအရပ်သို့ ​ခြေကျင်ခရီး သွားသည့်အခါ ရွတ်ဆိုနိုင်သည်။