ပညာဉာဏ် ထက်မြက်စေနိုင်သော ဂါထာ

၁။ သက္ကာ သမု​ဒ္ဒေ ဥဒကံ၊

ပ​မေတုံ အာဠှ​ကေန ဝါ။

န ​တွေဝ တဝ သဗ္ဗညု၊

ဉာဏံ သက္ကာ ပ​မေတ​ဝေ။

၂။ ဓါ​ရေတုံ ပထဝိံ သက္ကာ

ဌ​ပေတွာ တုလမဏ္ဍ​လေ။

န ​တွေဝ တဝ သဗ္ဗညု၊

ဉာဏံ သက္ကာ ဓ​ရေတ​​ဝေ။

၃။ အာကာ​သော မိနိတုံ သက္ကာ၊

ရဇ္ဇုယာ အင်္ဂု​လေန ဝါ။

န ​တွေဝ တဝ သဗ္ဗညု၊

ဉာဏံ သက္ကာ ပ​မေတ​ဝေ။

အနက် –

၁။ သဗ္ဗညု – အလုံးစုံကုန်စင် သိမြင်​တော်မူသည့် အရှင်မြတ်ဘုရား၊ သမု​ဒ္ဒေ – သမုဒ္ဒရာ၌၊ ဥဒကံ – ​ရေကို၊ အာဠှာ​ကေန ဝါ – ပြည်​တောင်း၊ စိတ်​တောင်း၊ ခွဲ​တောင်း၊ တင်း​တောင်း စသည်ဖြင့်၊ ပ​မေတုံ – ခြင်တွယ်ခြင်းငှာ၊ သက္ကာ – စွမ်းနိုင်ပါ၏၊ တဝ – ရှင်​တော်မြတ်ဘုရား၏၊ ဉာဏံ – ဉာဏ်​တော်ကို၊ ပ​မေတ​ဝေ – ခြင်တွယ်တိုင်းတာခြင်းငှာ၊ န ​တွေဝသက္ကာ – မစွမ်းနိုင်ပါဘုရား။

၂။ သဗ္ဗညု – အလုံးစုံ ကုန်စင် သိမြင်​တော်မူသည့် အရှင်မြတ်ဘုရား၊ ပထဝိံ – ​မြေကြီးကို၊ တုလမဏ္ဍ​လေ – ချိန်ခွင်ထက်၌၊ ဌ​ပေတွာ – ထား၍၊ ဓါ​ရေတုံ – ချိန်ခြင်းငှာ၊ သက္ကာ – တတ်နိုင်ပါ၏၊ တဝ – ရှင်​တော်မြတ်ဘုရား၏၊ ဉာဏံ – ဉာဏ်​တော်ကို၊ ဓ​ရေတ​ဝေ – ချိန်ခြင်းငှာ၊ န ​တွေဝ သက္ကာ – မတတ်နိုင်ပါဘုရား။

၃။ သဗ္ဗညု – အလုံးစုံ ကုန်စင် သိမြင်​တော်မူသည့် အရှင်မြတ်ဘုရား၊ အာကာ​သော – ​ကောင်းကင်ပြင်ကြီးကို၊ ရဇ္ဇုယာဝါ – ​ပေကြိုးဖြင့်​သော်၎င်း၊ မိနိတုံ – တိုင်းတာခြင်းငှာ၊ သက္ကာ – ဖြစ်နိုင်ပါ၏။ တဝ – ရှင်​တော်မြတ်ဘုရား၏၊ ဉာဏံ – ဉာဏ်​တော်ကို၊ က​မေတ​ဝေ – တိုင်းတာခြင်းငှာ၊ န ​တွေဝသက္ကာ – မဖြစ်နိုင်ပါဘုရား။

အညွှန်း –

  • ခုဒ္ဒကနိကာယ၊ ​ထေရာပါဒါန် (ဆဋ္ဌမူ) တှာ(၂၂)
  • လက်ယာယံ ရှင်သာရိပုတ္တရာ အ​လောင်း​တော် အမြဲရွတ်ဆို​​သော ဂါထာဖြစ်သည်။
  • ဂုန်ထူးဖြင့် ထူးချွန်စွာ ​အောင်မြင်လို​သော ​ကျောင်းသူ ​ကျောင်းသားများ ရွတ်ဆိုနိုင်သည်။