မကြံစည်နိုင်သော အကျိုးထူးများကို ပေးနိုင်သော (အစိန္တိ တံ)

ဧဝံ အစိန္တိယာ ဗု​ဒ္ဓေါ၊ ဗုဒ္ဓ ဓမ္မာ အစိန္တိယာ။

အစိန္တိ​ယေ ပသန္နာနံ၊ ဝိပါ​ကော ​ဟောတိ အစိန္တိ​ယော။

(တစ်နည်း)

ဧဝံ အစိန္တိယာ ဗု​ဒ္ဓါ၊ ဗုဒ္ဓဂုဏာ အစိန္တိယာ။

ဧဝံ အစိန္တိယာ ဓမ္မာ၊ ဓမ္မဂုဏာ အစိန္တိယာ။

ဧဝံ အစိန္တိယာ သံဃာ၊ သံဃဂုဏာ အစိန္တိယာ။

အစိန္တိ​ယေ ပသန္နာနံ၊ ဝိပါ​ကော ​ဟောတိ အစိန္တိ​ယော။

အနက် –

ဧဝံ – ဤသို့​ဟောကြားဆိုအပ်ပြီး​သော အပြားအားဖြင့်၊ ဗုဒ္ဓါ – သစ္စာ​လေးပါး ပိုင်းခြားသိမြင် ဘုရားရှင်တို့သည်၊ အစိန္တိယာ – မကြံအပ် မကြံစည်နိုင်​သော တန်ခိုးဂုဏ်ဖြင့် ပြည့်စုံ​တော်မူကြ​ပေကုန်​၏။

ဗုဒ္ဓ ဓမ္မာ – မြတ်စွာဘုရား​ ​ဟောကြားမြွက်​ဖော် တရား​တော်တို့သည်၊ အစိန္တိယာ – မကြံအပ် မကြံစည်နိုင်​သော တန်ခိုးဂုဏ်​တော်နှင့် ပြည့်စုံ​တော် မူကြ​ပေကုန်၏။ အစိန္တိ​ယေ – မကြံအပ် မကြံစည်နိုင်​သော တန်ခိုးဂုဏ်တို့နှင့် ပြည့်စုံ​တော်မူကြကုန်​သော မြတ်စွာဘုရားတို့ကို၊ ပဿန္နာနံ – သဒ္ဓါပိုမို ကြည်ကြိုကြကုန်​သော လူ နတ် ဗြဟ္မာ သတ္တဝါတို့အား၊ အစိန္တိ​ယော – မကြံအပ် မကြံစည်နိုင်​သော၊ ဝိပါ​ကော – လူ နတ် နိဗ္ဗာန် သုံးတန်တိုးပွား အကျိုးတရားသည်၊ ​ဟောတိ – မုချမ​သွေ ဖြစ်နိုင်ပါ​ပေ၏။

အညွှန်း –

  • ခုဒ္ဒကနိကာယ်၊ ဗုဒ္ဓ အပါဒါန်ပါဠိတော် (အပ၊ ၁၊ ၇)
  • အနည်းဆုံး ကိုး​ခေါက်ရွတ်ဆိုပြီး​နောက် နှစ်သက်ရာ ဘုရားဂုဏ်​တော် တစ်ပါးပါးကို အဓိဋ္ဌာန်၍ စိပ်ပါ။
  • ပြီးလျှင် “ဘုရား တပည့်​တော်သည် သူတစ်ထူးဒုက္ခ​ရောက်​နေသည်ကို ​တွေ့ကြုံခဲ့​သော် တိတိကျကျ ကူညီကယ်တင်နိုင်သူ ဖြစ်ရပါလို၏” ဟု ဆု​တောင်းပါ။
  • မကြံစည်နိုင်​သော အကျိုးထူးများ ရမည်။

ဖြစ်သင့်တာ ဟူသမျှ ဖြစ်မည်။