ဆွမ်း၊ ပန်း၊ ရေ၊ ဆီမီး ကပ်လှူရန် ဘုရားရှိခိုး

၁။ ဆွမ်း​တော်ကပ်လှူရန် ဘုရားရှိခိုး

အရဟသာဒိ နဝဂု​ဏေဟိ – အရဟံ အစရှိ​သောကိုးပါး​သော ဂုဏ်​တော်တို့နှင့်

သမနာဂတံ – ပြည့်စုံ​တော်မူ​သော

နာထံ – လူနတ်၊ ဗြဟ္မာတို့၏  ကိုးကွယ်ရာလည်း ဖြစ်​တော်မူထ​သော

ဗုဒ္ဓံ – သက်​တော်ထင်ရှား သဗ္ဗညုဘုရားကို

ဥဒ္ဒိဿ – ရည်မှတ်၍

​စေတိယဿ – ဓါတု​စေတီ၊ ဓမ္မ​စေတီ၊ ဥဒ္ဒိဿ​စေတီ၊ ပရိ​​ဘောဂ​စေတီ​တော်မြတ်အား

ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သမ္ပန္နံ – အဆင်း၊ အနံ့၊ အရသာ နှင့် ပြည့်စုံ​တော်မူ​သော

​​ ဣမံ ပိဏ္ဍပါတ ခါဒနီယ ​ဘောဇနီယံ – ဤ​ဆွမ်း၊ ခဲဖွယ်၊ ​ဘောဇဥ် အရသာကို

​ဒေမိ – ကပ်လှူပါ၏။

​မေ – အကျွန်ုပ်၏

ဣဒံ ပုညံ – ဤ​ကောင်းမှုသည်

အာသဝက္ခယံ – အာတ​ဝေါတရား ​လေးပါးတို့၏ ကုန်ရာကုန်​ကြောင်းဖြစ်​သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ မြတ်နိဗ္ဗာန်ကို

ဝဟံ – ရွက်​ဆောင်နိုင်သည်

​ဟောတု – ဖြစ်ပါ​စေသတည်း။

၂။ ရေတော်ကပ်လှူရန် ဘုရားရှိခိုး

၁။ ဆွမ်း​တော်ကပ်လှူရန် ဘုရားရှိခိုး

အရဟသာဒိ နဝဂု​ဏေဟိ – အရဟံ အစရှိ​သောကိုးပါး​သော ဂုဏ်​တော်တို့နှင့်

သမနာဂတံ – ပြည့်စုံ​တော်မူ​သော

နာထံ – လူနတ်၊ ဗြဟ္မာတို့၏  ကိုးကွယ်ရာလည်း ဖြစ်​တော်မူထ​သော

ဗုဒ္ဓံ – သက်​တော်ထင်ရှား သဗ္ဗညုဘုရားကို

ဥဒ္ဒိဿ – ရည်မှတ်၍

​စေတိယဿ – ဓါတု​စေတီ၊ ဓမ္မ​စေတီ၊ ဥဒ္ဒိဿ​စေတီ၊ ပရိ​​ဘောဂ​စေတီ​တော်မြတ်အား

ဝဏ္ဏ၊ ဂန္ဓ၊ ရသ၊ သမ္ပန္နံ – အဆင်း၊ အနံ့၊ အရသာ နှင့် ပြည့်စုံ​တော်မူ​သော

​​ ဣမံ ပါနိယ ပရိ​ဘောဇနီယံ – ဤ​သောက်​တော်​ရေ၊ သုံး​ဆောင်​တော်​ရေကို

​ဒေမိ – ကပ်လှူပါ၏။

​မေ – အကျွန်ုပ်၏

ဣဒံ ပုညံ – ဤ​ကောင်းမှုသည်

အာသဝက္ခယံ – အာတ​ဝေါတရား ​လေးပါးတို့၏ ကုန်ရာကုန်​ကြောင်းဖြစ်​သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ မြတ်နိဗ္ဗာန်ကို

ဝဟံ – ရွက်​ဆောင်နိုင်သည်

​ဟောတု – ဖြစ်ပါ​စေသတည်း။

၃။ ပန်း​တော်ကပ်လှူရန် ဘုရားရှိခိုး

အရဟသာဒိ နဝဂု​ဏေဟိ – အရဟံ အစရှိ​သောကိုးပါး​သော ဂုဏ်​တော်တို့နှင့်

သမနာဂတံ – ပြည့်စုံ​တော်မူ​သော

နာထံ – လူနတ်၊ ဗြဟ္မာတို့၏  ကိုးကွယ်ရာလည်း ဖြစ်​တော်မူထ​သော

ဗုဒ္ဓံ – သက်​တော်ထင်ရှား သဗ္ဗညုဘုရားကို

ဥဒ္ဒိဿ – ရည်မှတ်၍

​စေတိယဿ – ဓါတု​စေတီ၊ ဓမ္မ​စေတီ၊ ဥဒ္ဒိဿ​စေတီ၊ ပရိ​​ဘောဂ​စေတီ​တော်မြတ်အား

ဝဏ္ဏ၊ ဂန္ဓ၊ သမ္ပန္နံ – အဆင်း၊ အနံ့ နှင့် ပြည့်စုံ​တော်မူ​သော

​​ ဣမံ ပုပ္ဖံ – ဤပန်းကို

​ပူဇေမိ – ပူဇေ်ပါ၏။

​မေ – အကျွန်ုပ်၏

ဣဒံ ပုညံ – ဤ​ကောင်းမှုသည်

အာသဝက္ခယံ – အာတ​ဝေါတရား ​လေးပါးတို့၏ ကုန်ရာကုန်​ကြောင်းဖြစ်​သော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ မြတ်နိဗ္ဗာန်ကို

ဝဟံ – ရွက်​ဆောင်နိုင်သည်

​ဟောတု – ဖြစ်ပါ​စေသတည်း။

၄။ ဆီမီးကပ်လှူရန် ဘုရားရှိခိုး

အရဟသာဒိ နဝဂု​ဏေဟိ – အရဟံ အစရှိ​သောကိုးပါး​သော ဂုဏ်​တော်တို့နှင့်

သမနာဂတံ – ပြည့်စုံ​တော်မူ​သော

သဗ္ဗညုတာနာဝရဏ ဉာ​ဏေဟိ – သဗ္ဗညုတဉာဏ်၊ အနာဝရဏဉာဏ်​တော်တို့ဖြင့်

တိ​လော​ကေ – သုံးပါး​သော ​လောက၌

အဝိဇ္ဇာ အန္ဓကာရံ – အဝိဇ္ဇာတည်းဟူ​သော အမိုက်​မှောင်ကို

ဝိဓမိတွာ – ပယ်​ဖျောက်၍

ဇလံ – ဇလ​န္တော – ထွန်းလင်း​တောက်ပ​စေနိုင်​သော

ဗုဒ္ဓံ – သက်​တော်ထင်ရှား သဗ္ဗညု မြတ်စွာဘုရားကို

ဥဒ္ဒိဿ – ရည်မှတ်၍

​စေတိယဿ – ဓါတု​စေတီ၊ ဓမ္မ​စေတီ၊ ဥဒ္ဒိဿ​စေတီ၊ ပရိ​​ဘောဂ​စေတီ​တော်မြတ်အား

ပဘာဝ​ဏ္ဏေဟိ – အ​ရောင်အဆင်းတို့ဖြင့်

အန္ဓကာရံ – အမိုက်​မှောင်ကို

ဝိနာသကံ – ပယ်​ဖျောက်တတ်​သော

ဣမံ ဒီပဇာလံ – ဤဆီမီးလျှံကို

ပူ​ဇေမိ – ကပ်လှူပူ​ဇော်ပါ၏။

မေ – အကျွန်ုပ်၏