မီး ၁၁ ပါး အလင်္ကာ

၁။ သူသူငါငါ ဖြစ်​လေရာဝယ်၊ ဦးစွာကြိုဆီး၊

ဇာတိမီးက အပြီးပုံ​သေ၊ ​လောင်မြိုက်​လေ၏။

၂။ မ​သွေတသီး၊ ဇရာမီးလည်း၊ အပြီး​နောက်မှာ ကပ်လျက်ပါ၏။

၃။ မကွာ​စေရ၊ မရဏဟု၊ တစ်ဘဝဖျက်ဆီး၊ ​လောင်သည့်မီးလည်း၊ ညီးညီး​ပြောင်​ပြောင် ၊ အမြဲ​လောင်၏။

၄။ ​လောင်ပုံ​လောင်အား၊ မထင်ရှားလည်း၊ နုထွားပျိုမြစ်၊ အရွယ်ဖြစ်​သော် အချစ်ရာဂ၊ မီး​တွေထ၍။

၅။ ​ဒေါသထန်ပြင်း။

၆။ မောဟ ညှင်း၏။  

၇။ မကင်းနိုင်​အောင်၊ ထို​နောက်​နောင်လည်း၊ ​တောက်​လောင်ဖိစီး၊ ​သောကမီး​ကြောင့်။

၈။ ဝမ်းနည်းဖွယ်​ထွေ၊ အ​ထွေ​ထွေနှင့်၊ ပရိ​ဒေဝ၊ ငို​ကြွေးရလျက်။

၉။ ဒုက္ခလည်းထပ်။

၁၀။ ​ဒေါမနဿနှင့်။

၁၁။ ဆက်စပ်မကွာ၊ ဥပါယာသ၊ လွန်ပြင်းပြ၍၊ သက်မျှမရှူ၊ တက်​အာင်ပူသည်၊ ဆူဆူ ဆယ့်တစ်မီးတည်း။