သံဃာဂုဏ်တော် ၉ ပါး

  • သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
  • ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
  • ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
  • သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊
  • ယိဒိဒံ စတ္တာရိ ပုရိသယုဂါနိ အဋ္ဌ ပုရိသပုဂ္ဂလာ ဧသ ဘဂဝတော သာဝကသံဃော၊
  • အာဟုနေယျော၊ ပါဟုနေယျော၊
  • ဒက္ခိဏေယျော၊ အဉ္ဇလိကရဏီယျော၊
  • အနုတ္တရံ ပုညက္ခေတ္တံ လောကဿ။

မြန်မာပြန်

သုပ္ပဋိပန္နေ ဂုဏ်တော် = လွန်ကောင်းမြတ်သော အကျင့်ဂုဏ်တော်၊

ဥဇုပ္ပဋိပန္နေ ဂုဏ်တော် = လွန်ဖြောင့်မတ်သော အကျင့်ဂုဏ်၊

ဉာယပ္ပဋိပန္နေ ဂုဏ်တော် = လွန်သင့်မြတ်သော အကျင့်ဂုဏ်၊

သာမီစိပ္ပဋိပန္နေ ဂုဏ်တော် = ရိုသေအပ်သော အကျင့်ဂုဏ်၊

အာဟုနေယျေ ဂုဏ်တော် = ဧည့်သည်ရည်မှု၊ အလှူဝတ္ထုကို ခံယူထိုက်သောဂုဏ်၊

ပါဟုနေယျေ ဂုဏ်တော် = လက်ဆောင်ယူငြား အလှူဝတ္ထုများကို ခံယူထိုက်သောဂုဏ်၊

ဒက္ခိဏေယျေ ဂုဏ်တော် = မြတ်သောအလှူ ခံယူထိုက်သောဂုဏ်၊

အဉ္ဇလိကရဏီယျေ ဂုဏ်တော် = လက်အုပ်ချီမိုး ရှိခိုးထိုက်သောဂုဏ်၊

အနုတ္တရံ ပုညက္ခေတ္တ ဂုဏ်တော် = လယ်ယာမြေကောင်းနှင့် တူသောဂုဏ်။

မဟာစည်ဆရာတော်ကြီး၏ မြန်မာပြန်

ဘဂဝတော – မြတ်စွာဘုရားရှင်၏၊ သာဝကသံဃော- တပည့်သားဖြစ်သော အရိယာသံဃာတော်အပေါင်း (နှင့် အရိယာနွယ်ဝင် သံဃာတော်အပေါင်း)သည် —

သုပ္ပဋိပန္နော – လောဘ၊ ဒေါသ၊ မောဟကင်းကြောင်း သီလ၊ သမာဓိ၊ ပညာ အကျင့်ကောင်းကို) ကောင်းစွာ ကျင့်တော်မူသော သံဃာတော်။

ဥဇုပ္ပဋိပန္နော – ကိလေသာအကောက်ကင်းရန် ဖြောင့်မှန်စွာ ကျင့်တော်မူသော သံဃာတော်။

ဉာယပ္ပဋိပန္နော – ဆင်းရဲငြိမ်းရန် နိဗ္ဗာန်အလို့ငှာ သင့်လျော်စွာကျင့်တော်မူသော သံဃာတော်။

သာမိစိပ္ပဋိပန္နော – သူများကပြုသည့် ရိုသေမှုနှင့် သင့်တင့်ထိုက်တန်အောင် ကျင့်ကြံတော်မူသော သံဃာတော်။

အာဟုနေယျော – ရပ်ဝေးမှပင် ဆောင်ယူလာ၍ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်

ပါဟုနေယျော – ချစ်မြတ်နိုးအပ်သည့် ဧည့်သည်များ အတွက် အထူးပြုပြင်ထားသော စားကောင်းသောက်ဖွယ် ကိုပင် ပေးလှူပူဇော်ထိုက်သော သံဃာတော်။

ဒက္ခိဏေယျော – နောင်တမလွန်လောက၌ ကောင်းကျိုးရမည်ဟု ယုံကြည်၍ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်။

အဉ္စလိကရဏီယျော – ကောင်းကျိုးချမ်းသာ မှန်စွာ ရမည်ဟု ယုံကြည်မျှော်ကိုးလျှက် လက်အုပ်မိုး၍ ရှိခိုးထိုက်သော သံဃာတော်။

အနုတ္တရံ ပုညက္ခေတံ လောကဿ – ကောင်းမှုမျိုးကို စိုက်ပျိုးရန်အလို့ငှာ သတ္တဝါအပေါင်း၏ အကောင်းဆုံးလယ်ယာမြေဖြစ်တော်မူသော သံဃာတော်။