တရား ဂုဏ်တော် ၆-ပါး

  • သွာက္ခာတော ဘဂဝတာ ဓမ္မော
  • သန္ဒိဋ္ဌိကော
  • အကာလိကော
  • ဧဟိပဿိကော
  • ဩပနေယျိကော
  • ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။

အဓိပ္ပာယ်များ

သွာက္ခာတ ဂုဏ်တော်

မြတ်စွာဘုရား ကောင်းစွာ ဟောထားသည့်တရားဖြစ်ခြင်းဂုဏ်။

သန္ဒိဌိက ဂုဏ်တော်

ကိုယ်တိုင်ကျင့်လျှင် ကိုယ်တိုင်သိနိုင်သော တရားဖြစ်ခြင်းဂုဏ်။

အကာလိက ဂုဏ်တော်

အခါမလပ် အကျိုးပေးခြင်း၊ မဂ်ရလျှင် ဖိုလ်ချက်ချင်း ဖြစ်ခြင်းဂုဏ်။

ဧဟိပဿိက ဂုဏ်တော်

‘လာပါ၊ ကျင့်စမ်းပါ’ ဟု ရဲရဲဝံဝံ ဖိတ်ခေါ်ထိုက်ခြင်း၊ အစမ်းသပ်ခံနိုင်ခြင်း ဂုဏ်။

ဩပနေယျိက ဂုဏ်တော်

မိမိစိတ်၌ အမြဲကပ်၍ ဆောင်ထားသင့်ခြင်းဂုဏ်။

ပစ္စတ္တံ ဝေဒိတဗ္ဗ ဝိညူဟိ ဂုဏ်တော်

အရိယာတို့သည် နိဗ္ဗာန်ချမ်းသာကို အသီးသီး လက်တွေ့ ခံစားနိုင်ခြင်းဂုဏ်။

မဟာစည်ဆရာတော်ကြီး ၏ မြန်မာပြန်

ဘဂဝါတော- မြတ်စွာဘုရားရှင်၊ အက္ခတော- ဟောကြားတော်မူအပ်သော၊ ဓမ္မော- မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်သည် —

သွာက္ခာတော – ကိလေသာငြိမ်းကြောင်း ကောင်းမွန်မှန်ကန်စွာ ဟောအပ်သော တရားတော်။

သန္ဒိဋ္ဌိကော – ကျင့်ကြံအားထုတ်လျှင် မျက်မှောက်ကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်။

အကာလိကော – အချိန်အခွင့် မဆိုင်းလင့်ဘဲ အသင့်လက်ငင်း ချက်ခြင်းအကျိုးပေးတတ်သော တရားတော်။

ဧဟိပဿိကော – “ လာပါ၊ ကြည်လှည့်ပါ ” ဟု ကျင့်ကြံအားထုတ်ရန် ဖိတ်မန်တိုက်တွန်းထိုက်သော တရားတော်။

ဩပနေယျိကော – မိမိသန္တာန်၌တည်အောင် ကျင့်ဆောင်ထိုက်သော တရားတော်။

ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ – တရားသိမြင်သည့် ပညာရှိရှစ်ပါးအရိယာများသာလျှင် အသီးသီးသိမြင်ခံစားရသော တရားတော်။

ကိုးကားချက် – ယဉ်ကျေးလိမ္မာ ရင်သွေးကမ္ဘာ-ဒေါက်တာ မင်းတင်မွန်