အမိဝမ်းခေါင်း ဆယ်လညောင်းမျှ၊
အောင်းခဲ့ရပေ တည်သန္ဓေနှင့်၊
လူ့ပြည်လူ့ရွာ ရောက်ပြန်ပါလည်း၊
အိုနာသေရေး ဒုက္ခဘေးကြောင့်၊
စိတ်အေးကိုယ်ခိုင် မနေနိုင်ခဲ့၊
ဆိုင်ဆိုင်ဒုက္ခ ခံပြီးမှလည်း၊
များလှပါယ်ရွာ ရောက်ကြရှာ၏၊
အတီတာရှေး ဤဝဋ်ဘေးနှင့်၊
နောင်ရေးနာဂတ် ဒုက္ခထပ်လိမ့်၊
မပြတ်ခုခါ ဖြစ်တုန်းမှာလည်း၊
အစာရှာရ ထိုဒုက္ခကြောင့်၊
နေ့ညမဟူ ကိုယ်စိတ်ပူ၍၊
သူသူငါငါ မသက်သာသည်၊
ရှစ်ဖြာသံဝေ ရကြောင်းတည်း။
ကလောင်။ ။ အရှင်မာနိတာစာရ