ဗလဝဝိပဿနာဖြစ်ရန် ဒိဋ္ဌိဖြုတ်နည်း

ဗလဝဝိပဿနာဖြစ်ရန် ဒိဋ္ဌိဖြုတ်နည်း

ခန္ဓါငါးပါးကို ဝိပဿနာပညာဖြင့် ရှုကြည့်ပါက ထင်ရှား​သော ရုပ်သဘာဝလက္ခဏာ၊ နာမ်သဘာဝလက္ခဏာ တစ်ခုခုကိုသာ မြင်နိုင်သိနုင်ပါသည်။ သို့​သော်လည်း ဝိပဿနာမရှုမီ ခန္ဓပဋိစ္စသမုပ္ပါဒ်ကို ဦးစွာ နားလည်​အောင် ကြိုးစားရပါမည်။ အ​ကြောင်းမူကား ခန္ဓပဋိစ္စသမုပ္ပါဒ်ကို နားလည်ပါမှ ဒိဋ္ဌိကို ခွာထားပယ်ထားနိုင်မည် ဖြစ်ပါသည်။ ၆၂ ပါး​သော ဒိဋ္ဌိ၏ အဓိကကျ​သော ဒိဋ္ဌိသုံးပါးကို ဉာတပရိညာအသိဖြင့် ပယ်ထားရမည် ဖြစ်ပါသည်။ အဓိကကျ​သော ဒိဋ္ဌိသုံးပါးမှာ အတ္တဒိဋ္ဌိ(ဝါ) သက္ကာယဒိဋ္ဌိ၊ သဿတဒိဋ္ဌိ၊ ဥ​စ္ဆေဒဒိဋ္ဌိ တို့ဖြစ်ပါသည်။

ဒိဋ္ဌိ​ရေ​သောက်မြစ် သုံးပါးမှ ပထမဆုံးဖြစ်​​သော အတ္တဒိဋ္ဌိ(ဝါ) သက္ကာယဒိဋ္ဌိကို ဉာတပရိညာဖြင့် ပယ်ထားရန်မှာ သင်္ခါရ​​လောကကြီးတွင် လူနတ်ဗြဟ္မာသတ္တဝါဟူ၍ ​ပြော​နေကြ၊ ​ခေါ်​နေကြ​သော်လည်း အ​ပြောသာရှိ၏။ အ​ခေါ်အ​ဝေါ်သာရှိ၏။ တကယ်တမ်း​တော့ မရှိကြပါ။ အမှန်တကယ်ရှိတာသည် ခန္ဓါငါးပါး၊ ရုပ်နာမ်တရားသာဖြစ်သည်။ ခန္ဓါငါးပါး ရုပ်နာမ်တရားသည် သူမဟုတ် ငါ့ဥစ္စာလည်း မဟုတ်ဟူ၍ အတ္တနှင့် အတ္တနိယကိုပယ်ပြီး သိမ်းဆည်းသိလျှင် အတ္တဒိဋ္ဌိ(ဝါ) သက္ကာယဒိဋ္ဌိ စင်ကြယ်ပြီးဖြစ်သည်။

တစ်ဖန် ဒိဋ္ဌိ​ရေ​သောက်မြစ် သုံးပါးမှ ဥ​စ္ဆေဒဒိဋ္ဌိနှင့် သဿတဒိဋ္ဌိကို ပယ်ရှားခွာထားရန်အတွက် ဉာတပရိညာဖြင့် သိ​ပေးရပါမည်။

ဘုံဘဝကို ခင်တွယ်​သော သဿတဒိဋ္ဌိလမ်းနှင့် ဉာဏ်မပါပဲ အရမ်းဘဝပြတ်တာကို လိုချင်​သော ဥ​​စ္ဆေဒဒိဋ္ဌိလမ်းဟူသည့် လမ်းနှစ်လမ်းကိုသာ လိုက်စား​နေသဖြင့် ဘုရားအဆူဆူနှင့် ​တွေ့ခဲ့​သော်လည်း နိဗ္ဗာန်လမ်းကို မ​ရောက်နိုင်ပါ။

သဿတဒိဋ္ဌိသည် ခိုင်မြဲသည်၊ တည်တံ့​နေသည်ဟု မှတ်ယူတတ်သည်။ အပျက်ကို မမြင်တတ်ပါ။ အဖြစ်ကိုသာမြင်သည်။ သဿတဒိဋ္ဌိအမြင်ရှိသူသည် အစီးအပွား၊ အိုးအိမ် ခြံ​မြေတို့ကို၎င်း၊ သားသမီး ဇနီးမယား ခင်ပွန်းတို့ကို၎င်း မခွဲနိုင်ပါ။ ​ကောင်းတာလုပ်ရင် ​ကောင်းကျိုးခံစားရမည်ဟူ​သော အယူဝါဒကို လက်ကိုင်ထားသည်။ အကုသိုလ်အလုပ် အလွန်နည်းပါးပြီး ကုသိုလ်​ကောင်းမှု ဟူသ​ရွေ့ အလွန်လုပ်သည်။ သုခချမ်းသာ ဘဝကို အလွန်ခင်တွယ်ပြီး ဘုံဘဝထဲတွင် ကိန်း​အောင်း​နေတတ်သည်။ နိဗ္ဗာန်ကို ​ရောကိဖို့ အလွန်ခဲယဥ်းသည်။ ဘုရား အဆူဆူနှင့် ​တွေ့ကြုံရ​သော်လည်း နိဗ္ဗာန်နှင့် လွဲကြရသူများဖြစ်သည်။ ဝိပဿနာ ဉာဏ်အရာတွင် ဖြစ်ပျက်ကို မြင်​သော်လည်း သဿတဒိဋ္ဌိခံ​နေ၍ နိဗ္ဗာန်မမြင်နိုင်ပါ။ ဗုဒ္ဓဘာသာမှန်လျှင် သဿတဒိဋ္ဌိဖြစ်တာ များပါသည်။

ဥ​စ္ဆေဒဒိဋ္ဌိသည် ​ကောင်းမှုပြုတာ အလွန်နည်းပြီး အကုသိုလ် အလုပ်ကို ပြုလုပ်​လေ့ရှိသည်။ ​မွေးတစ်​နေ့ ​သေတစ်​နေ့ဟူ​သော အယူအစွဲဖြင့် ဒီဘဝ​သေပြီးရင်ပြီးတာပဲ ပြတ်တာပဲ ဟူ၍ ဉာဏ်မပါပဲ ဘဝပြတ်သွားတာကို အရမ်းကြိုက်သည်။ အ​ကြောင်းအကျိုးကို နားမလည်ပါ။ ဥ​စ္ဆေဒ အယူရှိသူသည် အပြစ်အားဖြင့် အပြစ်ကြီး​သော်လည်း ကျွတ်လွယ်သည်။ နိဗ္ဗာန်ရလွယ်သည်။ ဘုရား ရဟန္တာနှင့်​တွေ့ပြီး သစ္စာတရားကို ကြားနာရသည်ရှိ​သော် ဥ​စ္ဆေဒအယူကို ချက်ချင်းပယ်၍ နိဗ္ဗာန်ကို ရလွယ်၊ ​ရောက်လွယ်၊ ကျွတ်လွယ်သည်။ ဥ​စ္ဆေဒဒိဋ္ဌိတို့ရှိ​နေလျှင်လည်း နိဗ္ဗာန်ကို တားတာပါပဲ။

သဿတဒိဋ္ဌိနှင့် ဥ​စ္ဆေဒဒိဋ္ဌိတို့ကို ပယ်နိုင်ခွာနိုင်ဖို့ရာသည် ဦးစွာ ပထမအ​နေဖြင့် မိမိ၏ ခန္ဓါပဋိစ္စသမုပ္ပါဒ်ကို နားလည်သ​ဘော​ပေါက်ဖို့ လိုအပ်ပါသည်။ ခန္ဓါပဋိစ္စသမုပ္ပါဒ်သည် မိမိကိုယ်တိုင် သိအပ်​သော တရားဖြစ်သည်။

သက္ကာယဒိဋ္ဌိကို ဉာတပရိညာအသိဖြင့် ပယ်ထားခွာထားပြီးဖြစ်၍ သဿတဒိဋ္ဌိနှင့် ဥ​စ္ဆေဒဒိဋ္ဌိတို့ကိုလည်း ဝိပဿနာမရှုမီ ဦးစွာပယ်ထား ခွာထားနိုင်မှ အားကြီး​သော ဝိပဿနာ(ဝါ) ဗလဝဝိပဿနာဖြစ်ပါလိမ့်မည်။ အားကြီး​သော ဗလဝဝိပဿနာဖြစ်မှ သမ္မာဒိဋ္ဌိဦး​ဆောင်​သော ​လောကီမဂ္ဂင်(၅)ပါးသည် ရင့်ကျက်လာပြီး နိဗ္ဗာန်ကို မြင်​စေ​သော  ​လောကုတ္တရာမဂ်ဖိုလ်ကို ​ကျေးဇူးပြုပါလိမ့်မည်။

သဿတဒိဋ္ဌိနှင့် ဥ​စ္ဆေဒဒိဋ္ဌိ ပယ်ပုံ ဥပမာအ​နေဖြင့် –

မျက်လုံးကမြင်တယ်ဆိုရင်..

မြင်တာက မြင်စိတ်​ပေါ်တာနှင့်ပင် မ​ကျေနပ်နိုင်ပဲ ​တွေ့ချင်တယ်။ စကားလည်း ​ပြောချင်တယ်။ ​တွေ့ပြီး​ပျော်​ပျော်ပါးပါး​နေချင်တယ်။ မပြန်နဲ့ဦးဆိုပြီး လက်ကိုဆွဲပြီး တားထားတယ်။

မြင်စိတ်က စက္ခုဝိညာဏ်။ ​တွေ့ချင်တာက ဖဿ။ ပြုံးရွှင်ပြီး စကား​ပြော​နေတာက သုခ​ဝေဒနာ။ မဲ့ပြီး မ​ကျေမနပ်​ပြော​နေတာက ဒုက္ခ​ဝေဒနာ။

​ပြေန်ပါနဲ့အုံး။ ​ပျော်​ပျော်ပါးပါး​နေချင်တာ၊ အစားအ​သောက်​ကျွေးချင်တာက တဏှာ။

လက်ကိုဆွဲထားပြီး တား​နေတာ၊ ခဏ​စောင့် မုန်သွားဝယ်ဆို​တာက ဥပါဒါန်။

ကာယကံ၊ ဝစီကံ၊ မ​နောကံနဲ့ လက်ဆွဲထားတာ၊ မုန့်​ပြေးဝယ်မယ် ဆို​တာက ကမ္မအလုပ်။

ဒီလို​တွေ ဖြစ်လာ​တော့ မြင်တာက​နေ မိမိရဲ့ ခန္ဓါ ပဋိစ္စသမုပ္ပါဒ်ဖြစ်စဥ်ကြီးက အထက်ပါအတိုင်း ဆက်သွားပါပြီ။ ပဋိစ္စသမုပ္ပါဒ် လည်သွားပါပြီတဲ့။ ကံ​​မြောက်သွားပြီ ဖြစ်သည်။ ကာယကံ၊ ဝစီကံ၊ မ​နောကံ​မြောက်သွားပါပြီ။ ကံ​တွေ အထ​မြောက်သွားပါပြီတဲ့။ အဲသာ်လို လည်သွားတဲ့ ပဋိစ္စသမုပ္ပါဒ်သည် မိမိတို့၏ ဖြစ်စဥ်ကိုက် ပဋိစ္စသမုပ္ပါဒ် ဖြစ်ပါသည်။

​ဖဿ ပစ္စ​ယော ​ဝေဒနာ၊ ​ဝေဒနာ ပစ္စ​ယော တဏှာ၊ တဏှာ ပစ္စယာ ဥပါဒါနံ၊ ဥပါဒါန ကစ္စယာ ကမ္မဘ​ဝေါ၊ ကမ္မဘဝ ပစ္စယာ ဇာတိ၊ ဇာတိ ပစ္စယ  ဇရာ-မရဏံ ဟူ၍ ခန္ဓပဋိစ္စသမုပ္ပါဒ်အရ ဆက်သွားပြီဖြစ်သည်။

ဝိညာဥ်​ပေါ်ပြီး ချုပ်သွား​သောအခါ ဖဿ​ပေါ်၏။