စရိုက်နှင့် ဝိပဿနာ

၁။ စိတ်ကိုရှုလျှင် စိတ္တာနုပဿနာ
၂။ ​ဝေဒနာကို ရှုလျှင် ​ဝေဒနာနုပဿနာ
၃။ ကား(ရုပ်)ကိုရှုလျှင် ကာယာနုပဿနာ
၄။ သစ္စာ၊ ပရမတ်၊ ဒုက္ခသစ္စာသက်သက် ကိုရှုလျှင် ဓမ္မာနုပဿနာ၊
◇ စိတ္တာနုပဿနာနှင့် စရိုက်
• မိမိကိုယ်ကို ပင်ပန်းမှာ စိုးရိမ်လွန်းသူ၊
• သားသမီးနှင့် ​ဝေး​ဝေးမှာ​နေပြီး ကြာကြာခွဲပြီး မ​နေနိုင်သူ၊
• ​ငွေမရချင်​နေပါ​စေ မိသားစုနှင့် ခွဲပြီး မ​နေနိုင်သူ၊
• အမြတ်​ငွေ နည်းချင်နည်းပါ​စေ အရှုံးလုံးဝ လက်မခံနိုင်သူ၊
• ငါ့စိတ်ကို လာမစမ်းနှင့် ဆို​သောသူ၊
• အမျိုးအစား၊ အ​ရောင် တူတာ​တောင် မိမိပစ္စည်းက ပိုပြီး​ကောင်းသည်ဆို​သောသူ၊ ငါ့သားသမီးက ပိုပြီး​တော်တယ်ဟူ၍ စိတ်​နေသ​ဘောထား ရှိ​သောသူ၊ ​သောတာပန် ဖြစ်ချင်လွန်းသူ။
◇​ ဝေဒနာနုပဿနာနှင့် စရိုက်
• တဏှာ​လောဘ အားကြီးသူ၊ လိုချင် ရချင်စိတ် ကြီးသူ၊
• စီးပွားရှာရာတွင် ​မျောပြီး အရှုံးခံ​လေ့ရှိသူ၊
• အကျိုးစီးပွားအတွက် ကျို့ကျို့ရို့ရို့ ​ပြောဆို​နေထိုင် ​ပေါင်းသင်းတတ်သူ၊
◇ ကာယာနုပဿနာနှင့် စရိုက်
• ကာယရုပ်ခန္ဓါကြီးတွင် တဏှာကပ်ငြိတာ များသဖြင့် တဏှာကို ပယ်သတ်ရန်အတွက် ဤကားရုပ်ခန္ဓါကို ဖြစ်ပျက်ရှုရပါသည်။ အထက်မဂ်(၂)ပါးဖြစ်​သော အနာဂါမိမဂ်နှင့် အရဟတ္တမဂ်ကို လွယ်ကူစွာ ရ​စေရန် ဤကာယာနုပဿနာကို ဖြစ်ပျက်ရှုရပါသည်။

ကာယာနုပဿနာ သတိပဋ္ဌာန်ရှုနည်း (၁၄)မျိုး
• ဣရိယာပထပဗ္ဗ​​ခေါ်သည့် ရပ်-သွား-ထိုင်-​လျောင်းကို ရှုခြင်း (၄)မျိုး
• ဓါတုမနသိကာရပဗ္ဗ​ခေါ် ပထဝီ၊ ​တေ​ဇော-အာ​ပေါ-ဝါ​ယော ကိုရှုခြင်း (၄)မျိုး
• သမ္ပဇ္ဈညပဗ္ဗ​ခေါ်သည့် မြင်ရင်မြင်တယ်၊ ကြားရင်ကြားတယ် နံရင်နံတယ်၊ စားရင်စားတယ်၊ ယားရင်ယားတယ်၊ ​တွေးလျှင် ​တွေးတယ် ဟူ၍ ရှုမှတ်ခြင်း (၆)မျိုး၊