သတ္တဝါသန္တာန်၌ နှစ်စိတ် တပြိုင်နက် မပေါ်ပေ။ စိတ်တစ်မျိုး သို့မဟုတ် တစ်မျိုးလှည့်၍ ပေါ်နေပါသည်။ စိတ်တစ်မျိုး (ဝါ) တစ်စိတ်ဖြင့်သာ အသက်ရှင်ရသည်။
ပညာစိတ်ဟုခေါ်သော ရှုမှတ်စိတ် (ဝါ) အမောဟစိတ်/မဂ်စိတ် ဖိုလ်စိတ်ကို ချန်လှပ်ထားလျှင် (၁၃)မျိုးသာ ရှိပါသည်။
ယင်း (၁၃) မျိုးမှာ –
• မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားစိတ်၊ အတွေးတောစိတ် ဟူ၍ အပြင်ဧည့်သည်စိတ် အဖြစ်ဖြင့် ရှိသောစိတ် = ၆ မျိုး၊
• လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ အလောဘစိတ်၊ အဒေါသစိတ် ဟူ၍ အတွင်းဧည့်သည်စိတ် အဖြစ်ဖြင့်ရှိသောစိတ် = ၅ မျိုး၊
• သက်စောင့်စိတ် (ဝါ) အိမ်သည်စိတ် အဖြစ်ဖြင့် လေကိုရှုသောစိတ်နှင့် လေကို ထုတ်သောစိတ် = ၂ မျိုး၊
စုစုပေါင်း ၁၄ = အထက်ဖော်ပြပါစိတ် ၁၃ မျိုး+ အမောဟစိတ်/ရှုမှတ်စိတ် (၁)မျိုး။
စိတ် (၁၄)မျိုးဟု ဆိုသော်လည်း
အပြင်ဧည့်သည်စိတ် (၆)မျိုး + အတွင်းဧည့်သည်စိတ် (၅)မျိုး + သက်စောင့်စိတ် (၂) မျိုးဟူ၍ စုစုပေါင်း စိတ် (၁၃) မျိုးကိုသာ ဝိပဿနာ ရှုရပါသည်။ စိတ်ကို ဝိပဿနာရှုရသောကြောင့် စိတ္တာနု ဝိပဿနာဟု ခေါ်သည်။