နိယတ မိစ္ဆာဒိဋ္ဌိ (၃) ပါး

  • ယခုမျက်​မှောက် ပြုလုပ်ရမည့် ပြုလုပ်စရာ အ​ကြောင်းနှင့်တကွ ​နောင်ခံစားစရာ အကျိုးဝိပါက်ကိုလည်းပယ်လျှင် အ​ဟေတုကဒိဋ္ဌိဖြစ်သည်။ အ​ကြောင်းနှင့် အကျိုးနှစ်ပါးကို ပယ်၏။
  • ယခုပြုလုပ်စရာ အ​ကြောင်းကံသက်သက်ကို ပယ်လျှင် အကိရိကဒိဋ္ဌိဖြစ်သည်။
  • ​နောင်ခံစားစရာ အကျိုးဝိပါတ်သက်သက်ကို ပယ်လျှင် နတ္ထိကဒိဋ္ဌိဖြစ်သည်။

ဒိဋ္ဌိ (၃) ပါးမှ တပါးပါးကိုဖြစ်​စေ၊ သုံးပါးလုံးကိုဖြစ်​စေ အယူယူမိပါက အပါယ်​လေးပါးမှ မလွတ်နိုင်​ပေ။ ကမ္ဘာမီး​​လောင်လျှင်ပင် အခြားကမ္ဘာတစ်ခုသို့ ​ပြောင်း​ရွှေ့ပြီး အပါယ်ဒုက္ခကို ခံစားရသည်။