သမထ (၃) မျိုး၊ ဝိပဿနာ (၃) မျိုး

သမထ (၃) မျိုးသည်

  • စိတ်ဖြစ်တိုင်း အလိုအ​လျောက်ပါ​သော ခဏိကသမာဓိ၊
  • ဈာန်အနီး၌ဖြစ်​သော ဥပစာရ သမာဓိ၊
  • ဈာန်နှင့်ယှဥ်​သော အပ္ပနာသမာဓိ တို့ဖြစ်ကြသည်။

ဝိပသ.သနာ (၃) မျိုးမှာ

  • သမာထယာနိကနည်း – သမထထူ​ထောင်ပြီးမှ ဝိပဿနာအလုပ်ကို ကူး​ပြောင်းသည်။ ဥပစာရဈာန် သမာဓိ၊ အပ္ပနာသမာဓိ၊ အပ္ပနာဈာန်ရပြီးမှ ဝိပဿနာအလုပ်ကို ကူး​ပြောင်း​သောနည်းဖြစ်သည်။
  • ဝိပဿနာယာနိကနည်း – သမထကို သီးသန့်မထူ​ထောင်​တော့ပဲ ပရမတ်တရား၊ သစ္စာတရားများကို နာကြားပြီး ကိ​လေသာအ​စေး ခန်း​ခြောက်​စေကာ ဝိပဿနာကို တိုက်ရိုက်အားထုတ်​သော နည်းဖြစ်သည်။ ခဏိက သမာဓိဖြင့် အားထုတ်ခြင်းဖြစ်သည်။
  • ယုဂနဒ္ဓနည်း – သမထကို ပွားများတည်​​ထောင်လိုက်၊ ဝိပဿနာကို ပွားများတည်​ထောင်လိုက်နှင့် စုံတွဲလွှတ်၍ အားထုတ်ခြင်းဖြစ်သည်။