၁။ ဩဘာသ – ဝပဿနာဉာဏ်အားကောင်းလာ၍ စိတ်နှင့် စိတ္တဇရုပ်များ ကြည်လင်သန့်ရှင်းလာသဖြင့်ခန္ဓါကိုယ်၌ အရောင်၊ အဆင်း၊ အလင်းများ ဖြစ်ပေါ်လာသည်။
၂။ ပီတိ – ဝိပဿနာဉာဏ် အားကောင်းလာသောအခါ ဖရဏာပီတိ ဂွမ်းဆီထိဆိုသကဲ့သို့ တစ်ကိုယ်လုံး၌ ကြည်နူးချမ်းမြေ့မှု့ ပီတိတွေ ဖြစ်လာပြီး မဂ်ရပြီဟု ထင်တတ်သည်။
၃။ ပဿဒ္ဓိ – ပီတိကြောင့် စိတ်ရော ကိုယ်ရော ငြိမ်းချမ်းသော ပဿဒ္ဓိဖြစ်လာပြီး မဂ်ဟုထင်ကာ လမ်းလွဲသွားတတ်သည်။
၄။ အဓိမောက္ခ – ကမ္မဋ္ဌာန်းအာရုံကို ထူးကဲစွာ ယုံကြည်သည့် အဓိမောက္ခ သဒ္ဓါတရားများ ဖြစ်ပေါ်လာပြီး မဂ်ရပြီဟု အထင်ရှိကာ လမ်းလွဲသွားတတ်သည်။
၅။ ပဂ္ဂဟ – ဝိပဿနာ အလုပ်တရားကို တွန့်ဆုတ်မသွားစေပဲ တွန်းအားပေးသော ဝီရိယတရားများသည် ဖြစ်ပေါ်လာတတ်သည်။
၆။ သုခ – တစ်ရံတစ်ခါမျှ မခံစားဖူးသော ချမ်းသာသုခမျိုး ခံစားရခြင်း။
၇။ ဉာဏ – ဝိပဿနာဉာဏ်များစူးရှထက်မြက်လာပြီး ရုပ်နာမ်ဖြစ်ပျက်မှုများကို ရှင်းရှင်းလင်းလင်း သိလာရသည်။
၈။ ဥပဋ္ဌာန – ဝိပဿနာသတိသည် အလွန်အားကြီးသော အသိတရား (ခေါ်) ဥပဋ္ဌာန ဖြစ်ပေါ်လာသည်။
၉။ ဥပေက္ခါ – ဝိပဿနာဉာဏ်များကို အထူးအားမစိုက်ရတော့ပဲ ရုပ်နာမ်ဖြစ်ပျက်ကို သိနေသည်။ ဤသည်ကို ဝိပဿနုပေက္ခါဟု ခေါ်သည်။
၁၀။ နိကန္တိ – ဩဘာသမှစပြီး ဥပေက္ခါအထိ ကိုးပါးသောဂုဏ်ဖြင့် ဖြစ်ပေါ်နေသော ဝိပဿနာဉာဏ်များကို သာယာနေသောသဘော ဖြစ်နေသည်။
အထက်ပါ တရားများသည် အကုသိုလ်တရားများ မဟုတ်ကြပါ။ နောက်ဆုံး နိကန္တိတရားသည် သာယာတတ်သောတဏှာ၊ လောဘနွယ်သဖြင့် ၎င်းသည် အကုသိုလ်နှင့် အကျွမ်းဝင်သွားသည်။ ထိုတရား (၁၀)မျိုးမှ တစ်မျိုးမျိုးတွင် ကျေနပ်မနေပဲ ရုပ်နာမ်တို့၏ ဖြစ်ပျက်ကိုသာ ဆက်၍ ရှုမှတ်သွားရသည်။ ဆက်၍ ရှုမှတ်သွားလျှင် မဂ်ဟုတ်၏ မဟုတ်၏ကို ပိုင်းခြားသိလာပြီး မဂ္ဂါမဂ္ဂဉာဏဒဿန ဝိသုဒ္ဓိ ဖြစ်လာသည်။