ဘုရားတည်ရခြင်း ပြုပြင်ရခြင်း အကျိုး(၂၉) ပါး

၁။ မဇ္ဈိမဒေသ၌သာ ဖြစ်ရခြင်း

၂။ မြတ်သော ယောက်ျားဘဝကိုသာ ရစေခြင်း

၃။ ဣနြေ္ဒ ချို့တဲ့မှု မဖြစ်ခြင်း

၄။ အပါယ်သို့ မလားရခြင်း

၅။ ဒွန်းစဏ္ဍားအမျိုး၌ မဖြစ်ရခြင်း

၆။ ကျွန်အမျိုး၌ မဖြစ်ရခြင်း

၇။ လောကန္တရိတ်ငရဲ၌ မဖြစ်ရခြင်း

၈။ ယုတ်မာသောအမျိုး၌ မဖြစ်ရခြင်း

၉။ ဘုန်းတန်ခိုးကြီးခြင်း

၁၀။ ရွှေအဆင်းကဲ့သို့ အဆင်းလှခြင်း

၁၁။ မြင်သူအပေါင်းတို့ ချစ်ခင်ခြင်း

၁၂။ ကောင်းသော လာဘ်လာဘ ပေါများခြင်း

၁၃။ ကျီကျဘဏ္ဍာ ပြည့်စုံခြင်း

၁၄။ ကျွဲ၊ နွား၊ ဆင်၊ မြင်း၊ ရွှေငွေရတနာ ပြည့်စုံခြင်း

၁၅။ ကြံစည်သမျှ ပြည့်စုံခြင်း

၁၆။ နတ်မင်းကြီး ဖြစ်ရခြင်း

၁၇။ စကြဝတေးမင်းအဖြစ်ကို ရခြင်း

၁၈။ သိကြားမင်း အကြိမ်(၁၀၀၀)ဖြစ်ခြင်း

၁၉။ စကြဝတေးမင်း အကြိမ်(၁၀၀၀)ဖြစ်ခြင်း

၂၀။ ပဒေသရာဇ်အဖြစ်ကို မရေနိုင်အောင် ရခြင်း

၂၁။ ဘုရားဆုကို ရနိုင်ခြင်း

၂၂။ ပစ်စကေဗုဒ်ဓါဆုကို ရနိုင်ခြင်း

၂၃။ သာဝကဆုကို ရနိုင်ခြင်း

၂၄။ မင်းပုဏ္ဍား မြတ်သော အမျိုးသာဖြစ်ခြင်း

၂၅။ ယုတ်ညံ့ သိမ်ဖျင်းသော အမျိုး၌မဖြစ်ခြင်း

၂၆။ အကျိုး ၆ ပါးနှင့်ပြည့်စုံခြင်းချမ်းသာ လာဘ်ပေါ အခြံရံများ ပညာကြီး တန်ခိုးကြီး အနာကင်းခြင်း

၂၇။ အကျိုး ၇ ပါးနှင့်ပြည့်စုံခြင်း သက်ရှည် အားကြီး ပညာ ရဲရင့် အကြားအမြင်များ ထက်မြတ် ချစ်ဖွယ်သောရုပ်

၂၈။ သံသရာ၌ ကျင်လည်ရသည်ရှိသော် မနှိုင်းယှဉ်အပ်သော စည်းစိမ်ချမ်းသာတို့ကို ရရှိစေခြင်း

၂၉။ နိဗ္ဗန်ရွှေပြည်သို့ ရောက်ရခြင်း။