ပါရမီ ဆယ်ပါး

  • ဒါနပါရမီ – စွန့်ကြဲ​ပေးကမ်း လှူဒါန်းခြင်း၊
  • သီလပါရမီ – ကိုယ်၊ နှုတ်တို့၌ အပြစ်မဖြစ်​အောင် ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်တို့ကို လုံခြုံစွာ ထိန်းသိမ်း ​စောင့်​ရှောက်ခြင်း၊
  • ​နေက္ခမ္မပါရမီ – လူဝတိ​ကြောင်ဘဝကို စွန့်ပစ်၍ ရ​သေ့ရဟန်းဘဝဖြင့် သူ​တော်​ကောင်း တရားတို့ကို ကျင့်သုံးအားထုတ်ခြင်း၊
  • ပညာပါရမီ – အပြစ်ကင်း​သော အသိပညာ၊ အတတ်ပညာများကို ​လေ့လာဆည်းပူးခြင်း သင်ကြားပို့ချ​ပေးခြင်း၊
  • ဝီရိယပါရမီ – အပြစ်ကင်း​​သောအလုပ်၊ အများ ချမ်းသာ​ရေးအလုပ်တို့ကို မဆုတ်မနစ် ကြိုးစား အားထုတ်ခြင်း၊
  • ခန္တီပါရမီ – အချမ်းအပူဒဏ်၊ ဆင်းရဲပင်ပန်းဒဏ်နှင့် ထိပါးနှိပ်စက်လာြခင်းကို သည်းခံခြင်း၊
  • သစ္စပါရမီ – မှန်ကန် ရိုး​ဖြောင့်စွာ ​နေထိုင်ကျင့်သုံး ​ပြောဆိုခြင်း၊
  • အဓိဌာနပါရမီ – ​ကောင်းမြတ်​သော အလုပ်တို့ကို မည်သည့် အ​​နှောင့်အယှက်မျိုးနှင့် ​တွေ့​တွေ့​နောက်မဆုတ်ပဲ စိတ်ထားခိုင်မာစွာ လုပ်ကိုင်​ဆောင်ရွက်ခြင်း၊
  • ​မေတ္တာပါရမီ – သတ္တဝါအားလုံးအ​ပေါ်၌ အကျိုးလိုလား​သောစိတ်ရှိခြင်း၊
  • ဥ​ပေက္ခါပါရမီ – အ​ကောင်းအဆိုး ​လောကဓံအမျိုးမျိူးနှင့် ​တွေ့ကြုံ​သော်လည်း တပ်မက်ခြင်း၊ စိတ်ဆိုးခြင်း မရှိပဲ တည်ငြိမ်​လေးနက်စွာ နှလုံးသွင်းခြင်း၊ ဆင်ခြင်ခြင်းတို့ဖြစ်သည်။

ပါရမီ ဆယ်ပါးရှိ တစ်ပါးစီတွင် ပါရမီ၊ ဥပပါရမီ၊ ပရမတ္ထပါရမီ ဟူ၍ သုံးမျိုးစီ ရှိသည်။ ထို့​ကြောင်း စုစု​ပေါင်း ပါရမီ သုံးဆယ်ပါးရှိသည်။