ဇော (၇)ဇောနှင့် အကျိုးပေး

ကုသိုလ်​ကောင်းမှု ပြုလုပ်လျှင်ဖြစ်​စေ၊ အကုသိုလ် မ​ကောင်းမှုကို ပြုလုပ်လျှင်ဖြစ်​စေ ​ဇောစိတ် (၇)ပါးလာပြီးမှ ကုသိုလ်အမှု(ဝါ) အကုသိုလ်အမှုကို ​ဆောင်ရွက်ပါသည်။ ​ဇောစိတ်(၇)​ဇောသည် ​အောက်ပါအတိုင်း အကျိုး​ပေးသည်။

  • ပထမ​ဇောသည် ယခုဘဝ၌ပင် ၇ ရက်၊ ၇လ၊ ၇နှစ်အတွင်း အကျိုး​ပေးသည်။ “ဒိဋ္ဌဓမ္မ ​ဝေဒနိယကံ”ဟု​ခေါ်သည်။
  • ဒုတိယ​ဇောမှ ဆဋ္ဌမ​ဇောအထိ အလယ်​ဇော ၅ချက်သည် တတိယဝမှစ၍ နိဗ္ဗာန်သို့ မ​ရောက်မချင်း သံသရာဘဝအဆက်ဆက် ဖြစ်ရာဘဝတိုင်း၌ ကြုံလျှင်ကြုံသလို အလျှင်းသင့်လျှင် အလျှင်းသင့်သလို အကျိုး​ပေးသွားသည်။ “အပရာ ပရိယကံ”ဟု ​ခေါ်သည်။
  • ​နောက်ဆုံး သတ္တမ​ဇောသည် ယခုဘဝပြီး​နောက်ဘဝ ဒုတိယဘဝ၌ အကျိုး​ပေးသည်။

ယခုဘဝပြု​သောကံ ပထမ​ဇောသည် အကူအညီအဖြစ်သာ အကျိုး​ပေးသည်။ လွန်ခဲ့​သော ​ရှေး​ရှေးဘဝများက ကံ​တွေကသာလျှင် တကယ်အကျိုး​ပေးဖြစ်သည်။