ရဟန္တာ အမျိုးမျိုး

သာသနာနှစ် ၅၀၀၀ တွင် နှစ်​ပေါင်း ၁၀၀၀ စီ ပိုင်းခြား၍ သူ့ကာလနှင့်သူ ရဟန္တာ အမျိုးမျိုး ​ပေါ်ထွန်းလာသည်။

  • ပထမနှစ်​ပေါင်း ၁၀၀၀ တွင် ပဋိသမ္ဘဒါ ပတ္တရဟန္တာများ ​ပေါ်ထွန်းပါမည်။
  • ဒုတိယနှစ်​ပေါင်း ၁၀၀၀ တွင် ဆဠာဘိညာ ရဟန္တာများ ​ပေါ်ထွန်းပါမည်။
  • တတိယနှစ်​ပေါင်း ၁၀၀၀ တွင် ​တေဝိဇ္ဇ (ပု-ဒိ-အာ) ရဟန္တာများ ​ပေါ်ထွန်းပါမည်။
  • စတုတ္ထနှစ်​ပေါင်း ၁၀၀၀ တွင် သုက္ခဝိပဿက ရဟန္တာများ ​ပေါ်ထွန်းပါမည်။
  • ပဥ္စမနှစ်​ပေါင်း ၁၀၀၀ တွင် အနာဂါမ်၊ သကဒါဂါမ်၊ ​သောတာပန်များသာ ​ပေါ်ထွန်းပါမည်။

☆စုတိစိတ်မကျမီ ​သေအံ့မူးမူးအချိန်တွင် မဂ်​လေးတန်၊ ဖိုလ်​လေးတန်ကျ၍ ရဟန္တာဖြစ်သွားလျှင် သမသီသီ ရဟန္တာ ဟု​ခေါ်သည်။