သာသနာ့အလံ၏ အဓိပ္ပါယ်

အပြာရောင် = သဒ္ဓါတရား
အဝါရောင် = မြင့်မြတ်မှု
အနီရောင် = ပညာ
အဖြူရောင် = စင်ကြယ်ခြင်း
ပန်းနုရောင် = တဏှာကင်းစင်ခြင်း
ထိုအရောင်များ အားလုံးကိုစုပေါင်းပြီးအရိယာသူတော်စင်၏ဂုဏ်ပုဒ်များဆိုပြီးတစ်ချို့က ဖွင့်ဆိုထားကြပါသည်။

မဇ္ဈိမခရီးသည်တို့ကတော့ ဒီလိုဖွင့်ဆိုလိုက်ပါတယ်။

သာသနာ့အလံ
နီလ အပြာ – ကြည်လင်ကာ မာယာကင်း လူမှုဝန်ထမ်း ပေးစွမ်းအရောင်–၊၊
ပီတ အဝါ – တီထွင်ကာဆန်းသစ် လက်တွေ့ကြိုက်တာ သစ္စာအရောင်–။

လောဟိတာတဲ့ အနီရောင် – ဇွဲသတ္တိပြောင် ရဲရင့်ဆောင်၍ မြင့်မြတ်သည့်ရောင်–။

သြဒါတ အဖြူ – တွဲလက်ကူ ကြည်ဖြူကမ်း သစ္စာလွှမ်း၍ မေတ္တာစမ်း အေးချမ်းသည့်ရောင်–။

မဉ္ဇိဋ္ဌဟူ ပန်းနုရောင်သည် = မာန်ထောင်မှုကင်း ဟန်ဆောင်ရှင်း၍ ပန်းရောင်ခင်ခင် မြဲသစ်လွင်လျှက်
ကူညီတတ်သည်–။

ပဘဿရ – ကွန့်မြူးလတ်သော် ပြိုးပြိုးပြက်ပြက် ခြောက်ရောင်စပ်၍ လောကဓါတ်တစ်ခွင် သောကစင်သည်–။

နီလ = အပြာရောင်
စိတ်ကြည်လင်တယ်။
တစ်ကိုယ်ကောင်းသမား မဟုတ်ဘူး။
သစ္စာရှိပြီး လူမှုဝန်ထမ်းစိတ်ရှိတယ်။

ပီတ = အဝါရောင်
လက်တွေ့သမားဖြစ်တယ်။
အနုပညာကို စိတ်ဝင်စားတယ်။
တီထွင်ကြံဆနိုင်စွမ်းရှိတယ်။

လောဟိတ = အနီရောင်
ရဲရင့်ပြတ်သားပြီး။သူရသတ္တိရှိတယ်။
စိတ်ဓါတ်ခိုင်မာပြီး မြင့်မြတ်တဲ့ စိတ်ဓါတ်ရှိတယ်။

သြဒါတ = အဖြူရောင်
ဝါကြွားမောက်မာမှု ကင်းရှင်းတယ်။သစ္စာတရားကို မြတ်နိုးတယ်။စိတ်ရင်းဖြူစင်ပြီးသူတစ်ပါးကို ကူညီလေ့ရှိတယ်။

မဉ္ဇိဋ္ဌ = ပန်းနုရောင်
နုပျိုသစ်လွင်မှုရှိပြီးအမြဲတမ်းသစ်လွင် နေလေ့ရှိတယ်။

ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေသောအရောင် ဗုဒ္ဓမြတ်စွာ ရောင်ခြည်တော်ကွန့်မြူးနေတဲ့ အချိန်ထွက်ပေါ်လေ့ရှိသောဤခြောက်ရောင်အားပေါင်းစပ်သောဝ်မြတ်ဗုဒ္ဓ၏ မေတ္တာကြောင့် ငြိမ်းအေး သောလောကချမ်းသာသော သုခဘုံသို့ လမ်းညွှန်သောတံခွန်(သာသနာ့အောင်လံ)

မြတ်ဗုဒ္ဓ၏ မေတ္တာရိပ်အောက်သို့ ရောက်လာ သူတိုင်းကျမ္မာ/ချမ်းသာကြပါစေ။

သာသနာအလံနှင့်သာသနာ့အလံတော်အကြောင်းကိုအဓိပ္ပါယ်ဖွင့်ဆိုခြင်း

အလံဆိုတဲ့သဘောကတော့ အထိမ်းအမှတ်ပြုတဲ့အရာတစ်ခုအဖြစ်သတ်မှတ်သုံးစွဲလေ့ရှိကြတဲ့ပစ္စည်းတစ်မျိုးပါ

စစ်တိုက်တဲ့အခါ ရဲရင့်မှု၊တက်ကြွမှု၊အောင်မြင်မှုများကိုရရှိနိုင်ရန်ရည်ရွယ်၍ အောင်လံတော်
အဖြစ် အလံကိုလွှင့်ထူပြီး တိုက်ပွဲဝင်ခဲ့ကြပါတယ်။

ထို့အတူ …

မြတ်စွာဘုရားရဲ့သာသနာ့အလံဟာလည်း ကိလေသာရန်သူတို့ကိုအနိုင်တိုက်ယူဖို့ လွှင့်ထူထားတဲ့အောင်လံတော်ပဲဖြစ်ပါတယ် …

မြတ်စွာဘုရားလက်ထက်တော်ကတည်းက သာသနာ့အလံဆိုတာရှိခဲ့ပေမဲ့ ယခုခေတ် သုံးစွဲနေတဲ့အလံမျိုးတော့မဟုတ်ပါဘူး …

မြတ်စွာဘုရားနဲ့သံဃာတော်များ ၀တ်ရုံ သုံးစွဲတော်မူခဲ့ကြတဲ့ သင်္ဃန်းတော်ကိုပဲ သာသနာ့အလံ၊ အောင်လံတော်အဖြစ် သုံးစွဲ ခဲ့ကြခြင်းဖြစ်ပါတယ် …

သာသနာ့အလံတော်ဟာ ခရစ်နှစ်၁၈၈၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့ကစတင်ပြီးမြန်မာနိုင်ငံနဲ့ ထေရ
၀ါဒနိုင်ငံများမှာ စတင်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ် …

သာသနာ့အလံကို အမေရိကန်နိုင်ငံသားအငြိမ်းစားဗိုလ်မှူးကြီး ဟင်နရီစတီးလ်အော်လကော့နှင့် သီဟိုဠ် (သီရိလင်္ကာ) နိုင်ငံသား စီပီဂုဏသဎနတို့စတင်တည်ထွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါတယ် …

မြန်မာနိုင်ငံကကျမ်းတတ် အကျော်အမော်ဆရာတော်ကြီးများရဲ့လမ်းညွှန်ချက်များ ကို ခံယူခဲ့ ကြပြီးပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ် …

ယနေ့အထိဆိုရင်သာသနာ့အလံတော်ပေါ်လာခဲ့တာ ၁၃၃ နှစ်ရှိပါပြီ …

တွင်တွင်ကျယ်ကျယ်သုံးစွဲခဲ့ကြတာကတော့မြန်မာနိုင်ငံမှာ ဆဋ္ဌသင်္ဂါယနာတင်ခဲ့တဲ့ခရစ်နှစ် ၁၉၅၄ ခုနှစ်၊ မေလ ၁၈ ရက်၊ ကောဇာသက္ကရာဇ် ၁၃၁၆ ခုနှစ်၊ကဆုန်လပြည့် တနင်္လာနေ့ကျမှပဲသုံးစွဲခဲ့ ကြခြင်းဖြစ်ပါတယ် …

သာသနာ့အလံကိုအရောင်ခြောက်မျိုးနဲ့လုပ်ထားပါတယ်

အဓိပ္ပါယ်ကတော့ …
မြတ်စွာဘုရားရဲ့ခန္ဓာကိုယ်အစိပ်စိပ်မှထွက်ပေါ်လာတဲ့ရောင်ခြည်တော်ခြောက်ပါး ကိုရည်ရွယ်ပြီးပြုလုပ်ထားခြင်းဖြစ်ပါတယ် …

အဲဒီရောင်ခြည်တော်ခြောက်ပါးကတော့ …
၁ ။ နီလ … အပြာရင့်ရောင်
၂ ။ ပီတ … အဝါရင့်ရောင်
၃ ။ လောဟိတ … အနီရောင်
၄ ။ သြဒါတ … အဖြူရောင်
၅ ။ မဉ္ဇိဌ … ပန်းနု
၆ ။ ပဘဿရ = ပြိုးပြိုးပြက်ပြက် တစ်ခဲနက် ထွက်နေ သော အရောင်တို့ပဲဖြစ်ပါတယ် …

သာသနာ့အလံတော် ၏အဓိပ္ပါယ်မှာ …

ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊
စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ် အဖြစ်
သရုပ်ဖော်ထားပြီး၊ ဗုဒ္ဓဘာသာ၀င်တို့သည်
ဘုရားရှင်အားအထူးကြည်ညိုကြသဖြင့်ဘုရားရှင်၏
ရောင်ခြည်တော် ခြောက်သွယ် ကွန့်မြူးကာ တရား တော်များ ဟောကြားနေတော်မူခဲ့သည်ကို ရည်ညွန်း
ကြခြင်းဖြစ်ပါတယ် …

သာသနာ့အလံတော်၏အရွယ်အစားကတော့ …

•အကြီး = အလျား – ၉ပေ x အနံ – ၅ပေ
•အလတ် = အလျား – ၄ပေ ၆လက်မ x အနံ – ၂ပေ
၆လက္မ
•အလတ် = အလျား – ၂ပေ ၃လက်မ x အနံ – ၁ပေ
၃လက္မ
•အသေး = အလျား – ၉လက်မ x အနံ – ၅လက်မ
ဟူ၍ လေးမျိုး သတ်မှတ်ထားပါတယ် ..

သာသနာ့အလံတော်၏ အရောင်စဉ်အတိုင်းချုပ်လုပ်ရပုံကတော့ …

ရောင်ခြည်တော် ခြောက်သွယ် သတ်မှတ်ပြဋ္ဌာန်း ထားသည့်အတိုင်း အလံတော်တိုင်ဘက်မှ စတင်၍ သတ်မှတ်ရသည်ရှိသော် …
နီလ = အပြာရင့်ရောင်
ပီတ = အဝါရင့်ရောင်
လောဟိတ = အနီရောင်
သြဒါတ = အဖြူရောင်
မဉ္ဇီဋ္ဌ = ပန်းနုရောင် ထိုအရောင်(၅)မျိုးကို
ဒေါင်လိုက်ထားရှိပြီးလျှင်-ပဘဿရ = ပြိုးပြိုးပြက်ပြက်
တစ်ခဲနက် ထွက်နေသော အရောင် အဖြစ် အလံတော်၏ အစွန်အဖျား(အထက်) အပေါ်ဘက်မှနေ၍ အပြာ၊ အဝါ၊ အနီ၊ အဖြူ၊ ပန်းနုရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့
ထားရှိချုပ်လုပ်ရ ပါတယ် …

သာသနာ့အလံတော်ကို အသုံးပြုရမည့်နေ့ရက်များကတော့ …

•ကဆုန်လပြည့် (ဗုဒ္ဓနေ့)
•နယုန်လပြည့် (မဟာသမယနေ့)
•ဝါဆိုလပြည့် (ဓမ္မစကြာနေ့)
•ဝါခေါင်လပြည့် (မေတ္တာ အခါတော်နေ့)
•တော်သလင်းလပြည့် (ဂရုဓမ္မ အခါတော်နေ့)
•သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့)
•တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့ )
•တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် အခါတော်နေ့)တွေမှာလွှင့်ထူရပါမယ် …

သာသနာ့အလံတော်ကိုပွဲတော်နှင့် အခမ်းအနားများအနေနဲ့ …

-၀ါဆိုပွဲတော် အခမ်းအနား
-အဘိဓမ္မာအခါတော်နေ့
-ကထိန်ပွဲတော်
-ရဟန်းခံရှင်ပြုပွဲ
-ဆွမ်းကြီးလောင်းလှူပွဲ
-စာပြန်ပွဲ နှင့် ဘွဲ့နှင်းသဘင်
-နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲနှင့် ပူဇော်ပွဲ
-ခွင့်ပြုချက်ရရှိပြီးသည့် တရားပွဲများ
-ဘုရားထီးတင်ပွဲ
-ဗုဒ္ဓပူဇနိယပွဲတော်
-အသံမစဲ ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲ
-သံဃာ့အစည်းအဝေး
-သံဃဝိနိစ္ဆယအဖွဲ့ စစ်ဆေး ဆုံးဖြတ်ရာဌာန
-ဘာသာရေး၊ သာသနာရေးနှင့် စပ်ဆိုင်သော သင်တန်းများတို့ တွင်အသုံးပြုနိုင်ပါတယ်…

သာသနာ့အလံတော်ကိုလွှင့်ထူအသုံးပြုတဲ့အခါ …

အထိမ်းအမှတ်အလံအားလုံး၏ အလယ်တွင် ဖြစ်စေရပါမယ် …
လက်ယာအစွန်းမှ အရောင်ငါးမျိုးရောယှက်ရောင်တွင် အပြာရင့်ရောင်သည်အပေါ်တွင်လက်ျာဘက် ရှိနေစေရပါမယ် …

မိမိချည်မဲ့တိုင်ဖက်ကအပြာရောင်ကိုထားရပါမယ်။ မော်တော်ယာဉ်တွင် စိုက်ထူပါက ကားကြီးများ၏
အမိုးအရှေ့ပိုင်းတွင် ဖြစ်ရပါမယ် … ကားငယ်များ တွင် လက်ယာဘက် အရှေ့ပိုင်းတွင် ဖြစ်ရပါမယ် …

သံဃာများကို ကြိုဆိုသည့်အခါ သံဃာပါလာသည့်အခါတွင်သာတပ်ဆင်အသုံးပြုရမှာဖြစ်ပါတယ်။

မြတ်စွာဘုရားရဲ့သာသနာ့အောင်လံတော်ဟာကိလေ သာရန်သူတွေကိုအနိုင်တိုက်ယူဖို့ဆို တဲ့ရည်ရွယ်ချက်နဲ့ လွှင့်ထူထားခြင်းဖြစ်ပါတယ် …

ဒါကြောင့် …
ဓမ္မမိတ်ဆွေများလည်း သာသနာ့အောင်လံတော်ကို လွှင့်ထူရတဲ့ရည်ရွယ်ချက်အတိုင်းကိလေသာရန်သူဟူသမျှကို အနိုင်တိုက်ယူနိုင်ကြပါစေရှင်

  • မေသပြေ