သရဏဂုံအကျိုး

သရဏဂုံတည်သောသူသည် ထိုဘဝမှ စုတေသောအခါ တစ်ဘဝတာတည်ခဲ့သော သရဏဂုံ ကုသိုလ်ကြောင့် ……

(၉၁)ကမ္ဘာ အပါယ်လေးပါးသို့ မကျရောက်ရခြင်း။

အကြိမ်(၈၀) သိကြားမင်းဖြစ်ရခြင်း။

(၇၅)ကြိမ် စကြာမင်းဖြစ်ရခြင်း။

ရိုးရိုးပဒေသရာဇ် ဧကရာဇ်ဘုရင်အဖြစ် အကြိမ်ကြိမ်ဖြစ်နေခြင်း။

အဆုံးဘဝတွင် မြတ်စွာဘုရားသာသနာ၌ (၇)နှစ်သားအရွယ်မှာပင် ရှင်သာမဏေအဖြစ် ခံယူ၍ သရဏဂုံအဆုံး၌ ရဟန္တာဖြစ်ခြင်း။

စျေးဝယ်သောအခါ တစ်ပိဿာဝယ်လျှင် တစ်ပိဿာရ၏။စျေးသည်က တစ်ပိဿာအပြည့်အပြင် မေတ္တာလက်ဆောင် ထည့်ပေးလျှင် အဆစ်ပါရ၏။

ထို့အတူ သရဏဂုံတည်လျှင် အကျိုးရင်း အကျိုးဖျားဟူ၍ နှစ်မျိုးရ၏။

ယခုဖော်ပြပြီးသည်ကားတို့ကား အကျိုး အရင်းဖြစ်၏။ ။ တစ်ပိဿာဝယ်၍ တစ်ပိဿာရခြင်းမျိုး တစ်ရာဖိုးဝယ်၍ တစ်ရာဖိုးရခြင်းမျိုးပင်ဖြစ်၏။

အဆင့်နှင့်တူသည့် အကျိုးဖျားဟုခေါ်သော ကောင်းကျိုး(၈)မျိုးကိုလည်း ဘဝဆက်တိုင်း ရနိုင်သေး၏။

ထိုကောင်းကျိုး(၈)မျိုးကိုလည်း အပါဒါန်ပါဠိတော်မှာ ဟောတော်မူထား၏။

သရဏဂုံတည်ခဲ့သူသည် လူ နတ် ဗြဟ္မာ မည်သည့်ဘဝသို့ ရောက်ရောက် ……………

၁။ လူအများ၏ ပူဇော်ခံရခြင်းကို ခံယူရသည်။

၂။ ထူးထူးခြားခြား သူတကာထက် ဥာဏ်ကောင်းသည်။

၃။ သူ၏အလိုသို့ အများက လိုက်ပါရသည်။

၄။သတ္တဝါအားလုံးက နှစ်သက်သည်။

၅။ သတ္တဝါအားလုံးက ချစ်ခင်သည်။

၆။ ရွှေအဆင်းကဲ့သို့ လှပသည်။

၇။ ကျော်စောထင်ရှားသည်။

၈။ စည်းစိမ်များပြားသည်။

  • မေတ္တာရှင် ရွှေပြည်သာ