ဘုရားလောင်း၏ ရဟန်းဘဝများ

  • ကောဏ္ဍညမြတ်စွာဘုရားလက်ထက် ဝိဇီတာဝီ စကြာဝတေးမင်းဘဝ၊
  • မင်္ဂလမြတ်စွာဘုရားလက်ထက် သုရုစိ ပုဏ္ဏားဘဝ၊
  • သုမေဓာ မြတ်စွာဘုရားလက်ထက် ဥတ္တရပုဏ္ဏားဘဝ၊
  • သုဇာတ မြတ်စွာဘုရားလက်ထက် စကြာဝတေးမင်းဘဝ၊
  • ဖုဿ မြတ်စွာဘုရားလက်ထက် ဝိဇိတာဝီမင်းဘဝ၊
  • ဝေဿဘူ မြတ်စွာဘုရားလက်ထက် သုဒဿနမင်းဘဝ၊
  • ကကုသန် မြတ်စွာဘုရားလက်ထက် ခေမမင်းဘဝ၊
  • ကောဏာဂုံ မြတ်စွာဘုရားလက်ထက် ပဗ္ဗတမင်းဘဝ၊
  • ကဿပ မြတ်စွာဘုရားလက်ထက် ဇောတိပုဏ္ဏားဘဝ များတွင် ရဟန်းဘဝ ရရှိခဲ့သည်။

မန်လည်ဆရာတော်ဘုရား၏ အလင်္ကာ –

နှစ်ကျိပ်သုံးပါး၊ ရှင်တော်များတွင်၊ ရှေးဖျားနာမ၊ ကောဏ္ဍညနှင့်၊ မင်္ဂလမြတ်စွာ၊ သုမဓါ၊ သုဇာတ၊ ဖုဿ၊ဝေဿဘူ၊ သုံးဆူတစ်ဖန်၊ ကကုသန် – ကောဏာဂမန၊ ကဿပတို့၊ လောကသုံးပါး၊ ပွင့်ထင်ရှားစဥ်၊ ပယ်ရှားအိမ်ယာ၊ သာသနာဟု၊ မဟာသမယ၊ ဒုလ္လဘ၌၊ အရတော်လစ်၊ ရဟန်းဖြစ်၍ဟု စပ်ဆိုထားသည်။